Thursday, April 29, 2010

I want to go HOME

I want to go home.
သနားစရာ။ baby လေး။
သူ့ သူငယ်ချင်းတွေပြန်တော့ သူလည်းပဲပြန်ချင်မှာပေါ့။
ခက်တာက ကိုယ်က ရုံးဆင်းမှပဲ သွားကြိုနိုင်တာ။
သူ့ အဘွားကလည်း ရန်ကုန်ပြန်နေတယ်။
ရုံးဆင်းလို့ သွားကြိုရင် ၇နာရီပဲ။ ၁၀ မိနစ်တောင် ပိုလိုက်သေးတယ်။
သူ့ ကျောင်းကလည်း ရနာရီကျော်ရင် fine ပေးရမယ်တဲ့။
မနေ့ ကကြိုတာ ရနာရီနဲ့ နည်းနည်းလေးပဲစွန်းတာပါ။ $10 ပေးလိုက် ရတယ်။
မလွယ်ဘူး။ ကြာရင်မွဲလိမ့်မယ်။

အင်း ... ဒီနေ့ တော့ taxi နဲ့ သွားမလို့ စဉ်းစားထားတယ်။

Tuesday, March 30, 2010

Blogger's Code of Ethics

A BLOGGERS' CODE OF ETHICS

Be Honest and Fair
Bloggers should be honest and fair in gathering, reporting and interpreting information.
Bloggers should:
• Never plagiarize.
• Identify and link to sources whenever feasible. The public is entitled to as much information as possible on sources' reliability.
• Make certain that Weblog entries, quotations, headlines, photos and all other content do not misrepresent. They should not oversimplify or highlight incidents out of context.
• Never distort the content of photos without disclosing what has been changed. Image enhancement is only acceptable for for technical clarity. Label montages and photo illustrations.
• Never publish information they know is inaccurate -- and if publishing questionable information, make it clear it's in doubt.
• Distinguish between advocacy, commentary and factual information. Even advocacy writing and commentary should not misrepresent fact or context.
• Distinguish factual information and commentary from advertising and shun hybrids that blur the lines between the two.

Minimize Harm
Ethical bloggers treat sources and subjects as human beings deserving of respect.
Bloggers should:
• Show compassion for those who may be affected adversely by Weblog content. Use special sensitivity when dealing with children and inexperienced sources or subjects.
• Be sensitive when seeking or using interviews or photographs of those affected by tragedy or grief.
• Recognize that gathering and reporting information may cause harm or discomfort. Pursuit of information is not a license for arrogance.
• Recognize that private people have a greater right to control information about themselves than do public officials and others who seek power, influence or attention. Only an overriding public need can justify intrusion into anyone's privacy.
• Show good taste. Avoid pandering to lurid curiosity.
Be cautious about identifying juvenile suspects, victims of sex crimes and criminal suspects before the formal filing of charges.

Be Accountable
Bloggers should:
• Admit mistakes and correct them promptly.
• Explain each Weblog's mission and invite dialogue with the public over its content and the bloggers' conduct.
• Disclose conflicts of interest, affiliations, activities and personal agendas.
• Deny favored treatment to advertisers and special interests and resist their pressure to influence content. When exceptions are made, disclose them fully to readers.
• Be wary of sources offering information for favors. When accepting such information, disclose the favors.
• Expose unethical practices of other bloggers.
• Abide by the same high standards to which they hold others.


What do you think? Is there anything you think should be added, changed or removed? Post your comments below.

Wednesday, February 10, 2010

It should not be


- မဖြစ်သင့်ဘူး
ဆိုတဲ့စကားနောက်မှာ
ကိုယ့်ခံစားမှုကို မျိုသိပ်ထားတယ်။

- မလုပ်သင့်ဘူး
ဆိုတဲ့စကားနောက်မှာ
ကိုယ့်လက်ကို ဖမ်းအုပ်ထားတယ်။

- မပြောသင့်ဘူး
ဆိုတဲ့စကားနောက်မှာ
ကိုယ့်ပါးစပ်ကို အပ်နဲ့ ချုပ်ထားတယ်။

- ကိုယ်ထိန်းချုပ်လို့ မရတာဆိုလို့ 
ကိုယ့်ရဲ့ ရင်ခုန်သံတွေပဲရှိတယ်။
ကိုယ့်ရဲ့ အကြည့်တွေပဲရှိတယ်။
ကိုယ့်ရဲ့ စိတ်တွေပဲရှိတယ်။

- ကိုယ့်ခြေလှမ်းတွေက
မင်းရဲ့ အဝေးကို သွားနေပေမယ့်
ကိုယ့်ရဲ့ စိတ်တွေက
မင်းနဲ့ ပဲ ကျန်နေရစ်ခဲ့တယ်။

02/11/2009

Friday, January 22, 2010

what is love?


ဘာလဲ အချစ်ဆိုတာ…

အင်း …တကယ်တော့ သူများခေါင်းစဉ်ကို ယူထားတာပါပဲ။

ထားလိုက်ပါ… ကိုယ်ပြောချင်တာက ကိုယ့်ရဲ့ အချစ်အကြောင်း

လွန်ခဲ့တဲ့ လပေါင်းများစွာက နာရီတစ်လုံးကို ချစ်လှပါချည်ရဲ့ ဆိုပြီး သူ့ အတွက်ဝယ်ခဲ့တယ်။
သူ့ ကို အဲဒီနာရီ ပတ်စေချင်လို့ ဝယ်ခဲ့တာ သူဆင်မြန်းရင် ကိုယ်ပျော်မှာပေါ့။
သူတရက်ရက် ကိုယ့်ရဲ့ နာရီပတ်လိမ့်မယ်လို့ ကိုယ်မျှော်လင့်ခဲ့တယ်။ (ဘာရယ်မဟုတ်ပါဘူး)

အဲဒီနေ့ က ….

ကိုယ်တော်တော်ဒေါသ ထွက်နေတယ်။ ကိုယ့် ရဲ့ careless mistake ကြောင့် ကိုယ့်ကိုယ်ကို ဒေါသထွက်နေတယ်။ ကိုယ့်သူ့ ကို အဲဒီနေ့ က CD တချပ် burn ပေးဖို့ အကူအညီ တောင်းမိတယ်။ သူကလည်း လုပ်ပေးပါမယ်ပေါ့။ ကိုယ် တကယ်တည်းလည်း burn ထားတဲ့ CD ကို စစ်ကြည့်လိုက်ရော.. ကိုယ်လိုချင်တာ ဒါမဟုတ်ဘူး ဖြစ်နေတယ်။ အမှန်က ကိုယ် ပို့ လိုက်တာ သူ burn တာပါပဲ။ ကိုယ်သူ့ ဆီ မပို့ ခင် ထပ်စစ်ကြည့်လိုက်ဖို့  ကောင်းတယ်။ ဒါမှမဟုတ် သူ့ CD မရိုက်ခင် သူစစ်ကြည့်ဖို့ ကောင်းတယ်။

အဆုံးသတ်တော့… နောက်ဆုံးမိနစ် ရောက်တဲ့အချိန်မှာ ကိုယ်တခြားတယောက်ဆီက အကူအညီတောင်းခဲ့ရတယ်။ ကိုယ်အဲဒီလို မဖြစ်စေချင်လို့ သူ့ ကို အကူအညီတောင်းကာမှ အဲဒီလို ဖြစ်ရတဲ့အတွက် ကိုယ်တော်တော်ဒေါသထွက်တယ်။

ကိုယ့်မျက်နှာ ဘယ်လောက်တောင်စူပုပ်နေမလဲဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ ကိုယ် သူ့ ဘေးနားမှာ ထိုင်လေ၊ ဒေါသထွက်လေ။ ကိုယ်သူ့ မျက်နှာကြည့်မိလေ၊ ဒေါသထွက်လေ။ ကိုယ်က သူ့ ဘယ်ဘက်ခြမ်းမှာ ထိုင်မိတော့ သူ့ လက်မှာ ပတ်ထားတဲ့ ကိုယ့်ရဲ့ နာရီက ကိုယ့်ကို သရော်တယ်။

ကိုယ်တခါတုန်းက ချစ်မိတဲ့ ကိုယ်ရဲ့ နာရီကိုတောင် ခပ်စိမ်းစိမ်းလေးကြည့်မိတယ်။

22/01/2010

Thursday, November 26, 2009

feeling


- အိမ်ကိုအိမ်နဲ့ တူအောင် နေပါရစေ
သန့် သန့် ရှင်းရှင်းလေးနဲ့ 
ထမင်းခူးပြီး ကြိုဆိုမယ့်လူ ရှိစေချင်တယ်။

- အလုပ်မှာ အလုပ်နဲ့ တူအောင် နေပါရစေ
ခိုင်မြဲတဲ့လက်တွေနဲ့ 
တယောက်ကို တယောက် အပြစ်မဖို့ တမ်း ခရီးဆက်ချင်တယ်။

- အချစ်ကို အချစ်နဲ့ တူအောင်ခံစားပါရစေ
လွတ်လပ်တဲ့ ရင်ခုန်သံတွေနဲ့ 
ကိုယ့်ကို မျက်ရည်ကျအောင် မင်းကို လုပ်စေချင်တယ်။

Tuesday, November 17, 2009

ခဏ


ကိုယ့်ဘ၀ကိုယ်ကြောင်း၊ ကိုယ့်လမ်းကိုယ်လျှောက်တဲ့ ခဏမှာ
ရင်ခုန်သံတွေ ထပ်တူကျခဲ့ဖူးတာလည်း ခဏပါပဲ။
အိပ်မက်တွေ အတူတူမက်ခဲ့ဖူးတာလည်း ခဏပါပဲ။
ခဏလေးပဲဖြစ်ဖြစ် သတိရသွားမိတာ ဆန်းမှမဆန်းပဲ။

Should I?


ရီရမှာလား??
ငိုရမှာလား??
ငိုရအောင်လည်း မျက်ရည်မရှိတော့ဘူး။
ရီရအောင်လည်း ရယ်သံတွေ ခန်းခြောက်သွားခဲ့ပြီ။
ထားခဲ့ပြီးသော အတိတ်တခုကို အိပ်မက်ကလေးတောင်မှ သတိမရချင်ဘူး။


17/11/2009

Friday, November 13, 2009

Hope


- မျှော်လင့်ခဲ့ဖူးပါတယ်
- ပျော်ရွင်စရာ နေ့ ရက်တွေကို ပေးလိမ့်မယ်လို့ 
- မနက်ဖြန်များစွာကို အားအင်တွေပေးစေမယ်လို့ 

-ခုတော့ ....
ဒါဏ်ရာတွေနဲ့ ကျရှုံး
ရင်ခုန်သံတွေသေဆုံး
မနက်ဖြန်တွေဆိတ်သုဉ်း

- တဖုန်းဖုန်းနဲ့ စိတ်ဓါတ်တွေ လဲကျလို့ 
တဆုံးပဲ ကောင်းကင်ကြီးကို မော့ကြည့်လို့ 
အရှုံးပဲ ရင်ထဲမှာ ထွေးပိုက်လို့ 
အမုန်းပဲထားခဲ့တဲ့သူအတွက်
အပြုံးပဲ ပြန်ပေးဖို့  ကြိုးစားနေဆဲ ။

13/11/2009