Thursday, November 26, 2009

feeling


- အိမ်ကိုအိမ်နဲ့ တူအောင် နေပါရစေ
သန့် သန့် ရှင်းရှင်းလေးနဲ့ 
ထမင်းခူးပြီး ကြိုဆိုမယ့်လူ ရှိစေချင်တယ်။

- အလုပ်မှာ အလုပ်နဲ့ တူအောင် နေပါရစေ
ခိုင်မြဲတဲ့လက်တွေနဲ့ 
တယောက်ကို တယောက် အပြစ်မဖို့ တမ်း ခရီးဆက်ချင်တယ်။

- အချစ်ကို အချစ်နဲ့ တူအောင်ခံစားပါရစေ
လွတ်လပ်တဲ့ ရင်ခုန်သံတွေနဲ့ 
ကိုယ့်ကို မျက်ရည်ကျအောင် မင်းကို လုပ်စေချင်တယ်။

Tuesday, November 17, 2009

ခဏ


ကိုယ့်ဘ၀ကိုယ်ကြောင်း၊ ကိုယ့်လမ်းကိုယ်လျှောက်တဲ့ ခဏမှာ
ရင်ခုန်သံတွေ ထပ်တူကျခဲ့ဖူးတာလည်း ခဏပါပဲ။
အိပ်မက်တွေ အတူတူမက်ခဲ့ဖူးတာလည်း ခဏပါပဲ။
ခဏလေးပဲဖြစ်ဖြစ် သတိရသွားမိတာ ဆန်းမှမဆန်းပဲ။

Should I?


ရီရမှာလား??
ငိုရမှာလား??
ငိုရအောင်လည်း မျက်ရည်မရှိတော့ဘူး။
ရီရအောင်လည်း ရယ်သံတွေ ခန်းခြောက်သွားခဲ့ပြီ။
ထားခဲ့ပြီးသော အတိတ်တခုကို အိပ်မက်ကလေးတောင်မှ သတိမရချင်ဘူး။


17/11/2009

Friday, November 13, 2009

Hope


- မျှော်လင့်ခဲ့ဖူးပါတယ်
- ပျော်ရွင်စရာ နေ့ ရက်တွေကို ပေးလိမ့်မယ်လို့ 
- မနက်ဖြန်များစွာကို အားအင်တွေပေးစေမယ်လို့ 

-ခုတော့ ....
ဒါဏ်ရာတွေနဲ့ ကျရှုံး
ရင်ခုန်သံတွေသေဆုံး
မနက်ဖြန်တွေဆိတ်သုဉ်း

- တဖုန်းဖုန်းနဲ့ စိတ်ဓါတ်တွေ လဲကျလို့ 
တဆုံးပဲ ကောင်းကင်ကြီးကို မော့ကြည့်လို့ 
အရှုံးပဲ ရင်ထဲမှာ ထွေးပိုက်လို့ 
အမုန်းပဲထားခဲ့တဲ့သူအတွက်
အပြုံးပဲ ပြန်ပေးဖို့  ကြိုးစားနေဆဲ ။

13/11/2009

Tuesday, November 10, 2009

VALUE


- တစ်ယောက်နဲ့ တစ်ယောက်တန်ဖိုးဖြတ်ကြတာချင်းမတူပါဘူး။ တစ်ယောက်က quality နဲ့ ဆုံးဖြတ်သလို တစ်ယောက်က price နဲ့ ဆုံးဖြတ်လေ့ရှိတယ်။ အမှန်နဲ့ အမှား ဆုံးဖြတ်လို့ မရတဲ့လောကကြီးမှာ လူတိုင်း ကိုယ့်ဟာနဲ့ ကိုယ်မှန်နေကြတယ်။ ထားလိုက်ပါ။ ပြောချင်တာက present (သို့ မဟုတ်) gift ရဲ့ VALUE ကို ဘယ်သူက ဘာပေတံနဲ့ တိုင်းသတဲ့လဲ။ ပေးတဲ့လူရဲ့ စေတနာနဲ့ လား?? ရယူတဲ့လူရဲ့ လိုချင်တပ်မက်မှုလား??

- စပြီးတော့ဝယ်ကတည်းက ၀ယ်တဲ့လူမှာစေတနာမြောက်သွားပြီ။ ဒါလေးကတော့ သူ့ အတွက်ဆိုရင်သိပ်ကောင်းမှာပဲ။ ပြီးတော့ ကောင်းနိုးရာရာလေးတွေရွေး။ ပြီးတော့ ပိုက်ဆံချေ ဆိုတော့ကာ။ စေတနာက 100% အောက်မလျှော့ဘူး။ ဈေးကြီးတဲ့အရာတွေဆိုရင်ပိုဆိုးတယ်။

- အင်း ... ဟိုးတစ်လတုန်းက နာရီတစ်လုံးဝယ်ဖြစ်တယ်။ ဈေးနှုန်းတွေခေါင်ခိုက်နေတဲ့အထဲမှာ နာရီတစ်လုံးရဲ့ ဈေးနှုန်းက မသေးလှပါဘူး။ 3 digits နာရီတစ်လုံးရဲ့ ဈေးနှုန်းဟာ full time ကော part time ကော လူတစ်ယောက်အတွက် အခြားတစ်ယောက်ကို လက်ဆောင်ပေးဖို့ ဆိုတာ သိပ်ပြီးမလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာမှ မသုံးဖြစ်တဲ့ amount တစ်ခုပေါ့။ (ခန္ဒာကိုယ်ကို တန်ဆာဆင်တဲ့ကိစ္စတွေကို ပြောတာပါ... ခေါင်းကနေခြေထောက်အဆုံး)

- ကိုယ့်ကိုယ်ကို မသဒ္ဒါတဲ့ အဲဒီ amount ကို ရက်ရက်ရောရောနဲ့ ဝယ်ပေးနိုင်လောက်အောင် ဘာတွေကသတ္တိတွေပေးစေလဲ ကိုယ်မသိဘူး။ သေချာတာတစ်ခုက မင်းလည်းကြိုက်မှာပါဆိုတဲ့ အသိတစ်ခုရယ်၊ မင်းဝတ်လိုက်တော့ ရလိုက်တဲ့ကြည်နူးမှုတစ်ခုရယ်။ ဒါပဲ ကိုယ်သိတယ်။

- မင်းကြိုက်လို့ ပဲဝတ်ဝတ်၊ ၀တ်ချင်လို့ ပဲဝတ်ဝတ်၊ မ၀တ်ချင်ရင်ချွတ်ချင်ချွတ်၊ မ၀တ်ဘဲသူများပေးချင်လဲပေး၊ လွင့်ပစ်ချင်လည်းလွင့်ပစ်။ ကိုယ့်အတွက်ဘာမှ မဖြစ်တော့ဘူး။ ကိုယ်မင်းကို ပေးလိုက်ကတည်းက မင်းပိုင်တဲ့အရာဖြစ်သွားပြီ။

- တစ်ခေါက်လောက်တန်ဖိုးထားပြရုံနဲ့ ကိုယ်ကျေနပ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ စေတနာအထမြောက်သွားခဲ့တယ်။ ကိုယ်နားလည်ပေးလို့ ရပါတယ်။ မ၀တ်ချင်လို့ မ၀တ်တဲ့လူတစ်ယောက်ကို ဘယ်သူက force ပေးချင်မှာလဲ။ ၀တ်ချင်တဲ့ အခ်ျိန်မှာ ၀တ်တာပဲကောင်းပါတယ်။ :P

- ဟိုးတစ်နေ့ တုန်းက .... 2$ တောင်မတန်တဲ့ ကလေးကစားစရာလေးတစ်ခုဝယ်လာခဲ့တယ်။ ပြီးတော့ my girl ကိုပေးတော့ စတွေ့ ကတည်းကကြိုက်လိုက်တာ လက်ကကို မချတော့ဘူး။ mummy က သမီးကို ချစ်လို့ ဝယ်ပေးတာလေဆိုတော့ အာဘွားလာပေးတယ်။ အဲဒီဟာလေးကို သမီးလေးလိုချင်ခဲ့တာမှန်ပေမယ့် သူများပေးတာလိုချင်ခဲ့တာ မဟုတ်ဘူး။ အာဘွားပေးဖို့ ဆိုတာ ဝေလာဝေး။

- အဲဒီမှာတင် အသိတစ်ချက်ရလိုက်တယ်။ ဘယ်လောက်ပဲ ဈေးကြီးနဲ့ ပဲပေးပေး ကိုယ်ချစ်တဲ့သူပေးမှ တန်ဖိုးထားချင်ကြတယ်ဆိုတာကိုပေါ့။

09/11/2009

Monday, November 9, 2009

ရုန်းထွက်ခြင်း


- မွန်းကြပ်မှုတွေကြားထဲ
နှိပ်စက်မှုတွေကြားထဲ
ဖိနှိပ်မှုတွေကြားထဲ
နာကြည်းမှုတွေကြားထဲ
ခံပြင်းမှုတွေကြားထဲ
မကျေနပ်မှုတွေကြားထဲ
ရက်စက်မှုတွေကြားထဲ
နေလာခဲ့တဲ့ဘ၀ ....

- မနားဘဲလုပ်ခဲ့ပေမယ့်
မလောက်ငမှုတွေကြား
ဆက်သွားနေရလေတော့ ....

- မိသားစုကိုငဲ့
အနာဂတ်ကို မဖျက်ချင်တော့ ....

- လွတ်ရာကျွတ်ရာ
ဒီထက်ကောင်းဖို့ ရာ
အနာဂတ်လှဖို့ ရာ
ရုန်းထွက်တာကို
အမှားလို့ များ ဆိုလေမလား.....။

08/2003


Friday, November 6, 2009

The One

  • ကိုယ်စောင့်နေတဲ့သူ။
  • ရင်ထဲက တစ်ယောက်တည်းသောသူ။
  • အများနဲ့ မတူတဲ့သူ။
  • မြတ်နိုးရတဲ့သူ။
  • တစ်ရက် မတွေ့ ရရင်တောင်လွမ်းနေတဲ့သူ။
  • အိပ်မက်တွေကို စိုးမိုးထားတဲ့ သူ။
  • နာမည်လေးကြားရုံ၊ မြင်ရုံ နဲ့ တောင်ရင်ခုန်ရတဲ့သူ။
  • စကားလုံးတွေ ပျောက်ဆုံးစေတဲ့သူ။
  • မနက်ဖြန်များစွာကို ပေးဖို့ ရည်ရွယ်သူ။
    .......... သူ။

Thursday, November 5, 2009

The Truth

- ဗမာလက်ဖက်ရည်ဆိုင် သွားမိပါတယ်။
ဗမာလက်ဖက်ရည်
ရောင်းတဲ့ဆိုင်ကိုပဲ တွေ့ ခဲ့ရတယ်။

- ဗမာပွဲကို သွားမိပါတယ်။
ဗမာဝတ်စုံဝတ်ထားတဲ့
လူတွေကိုပဲ တွေ့ ခဲ့ရတယ်။

- ဗမာ (လူ)တွေနဲ့ တွေ့ မိပါတယ်။
ဗမာစကားပြောတဲ့
လူတွေကိုပဲ တွေ့ ခဲ့ရတယ်။

- ခံစားချက်အစစ်အမှန်ကို
လိုချင်သူအတွက်
ဘယ်နေရာမှာများ ရှာရပါ့မလဲ။

- တကယ်တော့
ရှာဖွေနေတာ ဒါတွေ မဟုတ်ခဲ့ဘူး။


2004

Monday, November 2, 2009

u & me


- မင်းအကြောင်းကို စဉ်းစားမိတိုင်း ကိုယ့်စိတ်ထဲမှာ မင်းမျက်နှာမြင်ယောင်လာမိတယ်။ ဗိုသီဗတ်သီနဲ့ အသည်းအသန်ကြိုးစားနေတဲ့ပုံကို ပုံဖော်ကြည့်မိတယ်။ ကိုယ်မင်းလောက်ဇွဲမကောင်းပေမယ့် မရရအောင်ကြိုးစားတတ်တယ်ဆိုတာမင်းသိတယ်။ ကိုယ်မင်းလောက်မျှော်လင့်ချက်မကြီးပေမယ့် ကိုယ်မင်းထက်အများကြီးပျော်ပျော်နေတတ်တယ်။

- မင်းက stress အများကြီးအောက်မှာ ပျော်ပျော်မနေတတ်ပေမယ့် ကိုယ်ကတော့ အေးဆေးပဲ။ မင်းကိုယ်မင်း သိပ်အထင်ကြီးတတ်ပေမယ့် ကိုယ်ကတော့ လူထဲက လူတစ်ယောက်ပါပဲ။ ကိုယ်က relationship ဆိုတာကြီးကို တန်ဖိုးထားနေတဲ့အချိန်မှာ မင်းကအရေးမကြီးတဲ့အရာတွေကို တန်ဖိုးထားတယ်။

- ကိုယ်ကအရာအားလုံးကို လုပ်ဖို့ ဝန်မလေးပေမယ့် မင်းမလုပ်ရဲတာတွေအများကြီးရှိတယ်။ ကိုယ်မလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ကြွေးကြော်နေတဲ့အချိန်မှာ မင်းမှာ out of control တွေအများကြီးရှိနေတယ်။ မင်းအတွက်အချစ်ဆိုတာ ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်အရာရာကို စွန့် လွတ်ရဲ တဲ့သတ္တိတွေဖြစ်စေတယ်။

to be continued....