
သနားစရာ။ baby လေး။
သူ့ သူငယ်ချင်းတွေပြန်တော့ သူလည်းပဲပြန်ချင်မှာပေါ့။
ခက်တာက ကိုယ်က ရုံးဆင်းမှပဲ သွားကြိုနိုင်တာ။
သူ့ အဘွားကလည်း ရန်ကုန်ပြန်နေတယ်။
ရုံးဆင်းလို့ သွားကြိုရင် ၇နာရီပဲ။ ၁၀ မိနစ်တောင် ပိုလိုက်သေးတယ်။
သူ့ ကျောင်းကလည်း ရနာရီကျော်ရင် fine ပေးရမယ်တဲ့။
မနေ့ ကကြိုတာ ရနာရီနဲ့ နည်းနည်းလေးပဲစွန်းတာပါ။ $10 ပေးလိုက် ရတယ်။
မလွယ်ဘူး။ ကြာရင်မွဲလိမ့်မယ်။
အင်း ... ဒီနေ့ တော့ taxi နဲ့ သွားမလို့ စဉ်းစားထားတယ်။