
- ခဏခဏ စိတ်တင်း
သက်ပြင်းလေးတွေချရင်း
ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေမယ့်
မဖြစ်နိုင်မှန်းသိတာကို
လက်မခံလိုတာ ဘာကြောင့်လဲ ??
- မတွေးပေမယ့် စိတ်ညစ်ရတာ
မလွမ်းပေမယ့် ငေးဆွေးရတာ
မသိပေမယ့် နှူတ်ဆက်ရတာ
မရင်းနှီးပေမယ့် ပြုံးပြရတာ
မနှစ်သက်ပေမယ့် ခေါ်ပြောရတာ
ဘာကြောင့်လဲ ??
-ရယ်မောပေမယ့် မပျော်တာ
စကားတွေပြောနေပေမယ့် တိတ်ဆိတ်နေတာ
ဒါတွေဟာ ... အမှန်တရားတွေလား ။
18/8/3
No comments:
Post a Comment