Wednesday, October 21, 2009

Once upon a time


- စွဲမက်စရာကောင်းတဲ့
  • ဟိုးတုန်းက မင်းရဲ့ အကြည့်တွေ
- ရင်ခုန်စရာကောင်းတဲ့
  • ဟိုးတုန်းက မင်းရဲ့ အပြောတွေ
- ကြည်နူးစရာကောင်းတဲ့
  • ဟိုးတုန်းက မင်းရဲ့ အပြုအမူတွေ အောက်မှာ….
- နှလုံးသားလေးတစ်ခု (ဟိုးတုန်းက)
  • ပြူတ်ကျသွားခဲ့ပေါ့။
- အိပ်မက်ကနှိုးထလာသလို
  • ပြူတ်ကျသွားခဲ့တဲ့ နှလုံးသားကို
  • ကောက်ယူလိုက်မိချိန်မှာတော့
  • အရာအားလုံးဟာ ပျောက်ကွယ်သွားခဲ့ပေါ့။
- ဟန်ဆောင်မှုကင်းတဲ့
  • မင်းရဲ့ အပြုံးတွေအောက်မှာ
  • ကိုယ်ဟာအိပ်မက်မက်ချင်ဆဲပါ။
- ဘာပဲဖြစ်ဖြစ်
  • (ဟိုးတုန်းက)
  • ကိုယ်ဟာ အိပ်မက်လှလှလေးတစ်ခုကို
  • ပိုင်ဆိုင်ခဲ့ဖူးပြီ။

21/10/2009

No comments:

Post a Comment