
မန္တလေးပဲကြော် မရတတ်လို့  ကြက်သွန်ကြော်ပဲ စားဖြစ်တယ်။ ကြက်သွန်ကြော်လည်း ကောင်းပါတယ်ပေါ့။
- အဲဒီနေ့ တုန်းက ကလေးရယ်၊ ကျွန်မရယ်၊ အမေရယ် သွားစားကြတယ်။
မန္တလေးပဲကြော်လည်းမရ၊ ကြက်သွန်ကြော်လည်းမရတော့ ဘူးသီးကြော် စားခဲ့ရတယ်။
- ဘူးသီးကြော်ကလည်းအကြီးကြီး။ အချဉ်ရည်ကလည်း ချဉ်စုတ်နေတာပဲ။ စိတ်ကိုလျော့လိုက်ပါတယ်လေ။ ဘယ်တတ်နိုင်မလဲ။ ၀ယ်ပြီးမှတော့ စားရတော့တာပေါ့။
- ကလေးပါတော့ နို့ ဘူးလည်းပါတယ်လေ။
- အဲဒီတော့ "အမရေ၊ ရေနွေးလေးများရနိုင်မလား မသိဘူး" ဆိုတော့
ရနိုင်ပါတယ်တဲ့။ ခဏလေးစောင့်ပါတဲ့။
- OK. စောင့်လိုက်ပါတယ်လေ။ အဲဒီအမလည်း အားသွားရော။ ကလေးနို့ ဘူးထဲကို ရေနွေးထည့်ပေးတယ်လေ။ (နို့ မှုန့် ကပါပြီးသား) ရေနွေးထည့်လိုက်တာ ကလေး
နို့ ဘူးကမည်းသွားတယ်။ (အဖြူရောင်ဖြစ်ရမှာကို) ။ ဟာ ... သွားပါပြီပေါ့။
- အဲဒါနဲ့  "I want HOT WATER" လို့ ပြောပစ်လိုက်တယ်။ အဲဒီတော့မှ HOT WATER ထည့်ပေးတယ်။ လက်စသတ်တော့ ရေနွေးကြမ်းနဲ့ မှားထည့်တာလေ။
- နို့ မှုန့် ကို ရေနွေးကြမ်းနဲ့ သူ့ ကလေးကို တိုက်တယ်နဲ့ တူပါတယ်။ ပြောမပြောချင်ဘူး။
- ကလေးကတောင် သူ့ နွားနို့ ကို သူကြည့်ပြီးတော့ ဇဝေဇ၀ါတွေတောင်ဖြစ်ကုန်တယ်။
31/3/2009
(မကြီး kom ဆီက ဓါတ်ပုံကို ခွင့်မတောင်းဘဲနဲ့ သုံးထားပါသည်။ စိတ်ဆိုးလည်းဆိုးပဲ :P)
မန္တလေးပဲကြော်စားချင်လိုက်တာ။
ReplyDeleteနို့ဘူးပေးတာတောင် ရေနွေးကြမ်းထည့်ပေးတယ်ဆိုတော့ တမျိုးပါလား။ စိတ်နဲ့လူနဲ့ မကပ်တာပဲ ဖြစ်ရမယ်။ ကလေးလေး သနားပါတယ်။
Cbox လည်းမတွေ့ဘူး
ReplyDeleteComment ထဲမှာဘဲ ၀င်နှုတ်ဆက်သွားပြီ။
good luck
သမီးကို နွားနို့ ဆိုပြီး တိုက်လို့ မှ မရတော့ဘဲ။ (အဖြူရောင်မှ မဟုတ်တော့တာ) ဒီတော့ကာ ... သမီးရေ။ ဒီမှာ milo .....
ReplyDeleteဟ ဟ ဖြတ်ထိုးဥဏ်ကလဲ ကောင်းပါ့ ... သမော်တီးလေးက သောက်လား မိုင်လိုဆိုတော့လေ ....
ReplyDeleteအမရေ အလည်လာပါတယ် စီဗုံးမတွေ့လို့ ဒီမှာပဲ ၀င်ရေးလိုက်ပါတယ်နော် စာလေးတွေဖတ်သွားပါတယ်
ReplyDeleteလာလည်တာကျေးဇူးတင်ပါတယ်ရှင်
မဆိုးပါဘူး ကြိုက်သလိုလုပ်။
ReplyDeleteဒါကြောင့်မြင်ဘူးသလိုတော့ရှိသား
ReplyDelete