
- (ရုံးကအပြန်)
မိနစ်လက်တံ တစ်ပတ်ပြည့်ရင်
အမေ့အိမ်ရောက်မယ် ....။
- ရက်စုတ်ပြက္ခဒိန်က
စုတ်ဖြဲစရာ ရက်တွေမရှိတော့ရင်
အဘိုး၊ အဘွားအိမ်ရောက်မယ် ... ။
- (အခန့် မသင့်လို့ )
အဖေ့အိမ် ရောင်းခဲ့ရပေမယ့်
(ရူးတယ်လို့ ပဲပြောပြော)
လွန်လေပြီးသော နှစ်ပေါင်းများစွာဆီက
အဖေ့ အငွေ့ အသက်တွေ ရှူရှိုက်ဖို့ 
အဖေ့ အိမ် ပြန်ဝယ်နိုင်အောင်
ခြစ်ခြစ်ခြုတ်ခြုတ် ပိုက်ဆံစုရမယ် ... ။
- (အတ္တကြီးတယ်ပဲဆိုဆို)
အဖေ့အိမ်ပေါ်မှာ
ဘယ်သူ့ ကိုမှ မနေစေချင်တာလည်း ပါမှာပေါ့။
17/03/09
ကဗျာလေးက ဖတ်လို့ကောင်းတယ် ... ပိုက်ဆံပြည့်တော့မလား ...
ReplyDeleteအိမ်ဝယ်ပြီးရင် အလည်လာမယ်နော်း)
ဆုတောင်းပြည့်စေချင်တယ်
ReplyDeleteပိုက်ဆံပြည့်ဖို့ က (အဝေးကြီး) လိုသေးတယ်... :P
ReplyDeleteအမြန်ဆုံး ပြန်ဝယ်နိုင်ပါစေဗျာ။
ReplyDeleteစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်