
- မိုးတွေရွာနေတယ်။
- လေရော၊ မိုးရောကြမ်းပြီ ဟေ့ ဆိုလို့ ကတော့ ပျော်စရာကြီးပဲ။ (မိုးရေချိုးချင်လို့ မဟုတ်) ။ ပြတင်းပေါက်တွေ တဂျိမ်းဂျိမ်းနဲ့ ပိတ်တဲ့အသံက အိပ်မောကျနေတဲ့ လူကိုတောင် နှိုးစေနိုင်တယ်။ (ပြတင်းပေါက်တွေ ပိတ်ပြီးတော့လည်း ပြန်အိပ် တာပါပဲ။)
- တခါတလေ စောင်ခြုံပြီး ဒူးကွေး အိပ်တာတောင် ထပ်ကွေးချင်တုန်းပဲ။ အလုပ်သွား
ဖို့ အိပ်ရာက ထရမှာတောင် (တော်တော်ကြီးကို) ပျင်းသွားတယ်။
- ဒါပေမယ့် ...
- သရက်သီးသွားကောက်ဖို့ ကျတော့မပျင်းဘူး။ မိုးလေး တစ်ဖြောက်၊ နှစ်ဖြောက် ရွာပြီ ဆိုတာနဲ့ သရက်သီး သီးရော။ (အချိန်အခါ မဟုတ်လည်းသီးတယ်။) လက်သီးလုံးစာ လောက်ပဲ ရှိတဲ့ သရက်သီးလေးတွေ။ ချိုမှချို။ (သရက်သီးကောက်တာ ကြွပ်ကြွပ်အိတ်
နဲ့ အပြည့်ရဖူးတယ်။ စားလို့ မကုန်ဘူး) ခူးတော့မစားရဲဘူး။ security တွေ့ ရင် fine ပေးရမှာစိုးလို့ ။ :P
- ဘယ်ပြောကောင်းမလဲ။ ပျော်တာပေါ့။ ဈေးမှာရောင်းတဲ့ သရက်သီးတွေဆို ၀ယ်မစား ဘူး။ ချိုမှ မချိုတာ။ အိမ်နားက အပင်တွေနဲ့ များတခြားစီ။ သရက်သီးကို ဘယ်လောက် ကြိုက်လဲ ဆိုရင် ထမင်းကို သရက်သီးနဲ့ ပဲစားဆိုရင်တောင် ဖြစ်တယ်။ (အဲ ... အစိမ်းတော့ မစားဘူး) သူငယ်ချင်းတွေဆိုရင် သရက်သီးအစိမ်းကို ငံပြာရည်နဲ့ 
တို့ စားကြတယ်။
- မိုးတွေ မရွာတော့ဘူး ဆိုရင်တော့ ငြိမ်နေလိုက်တယ်။ ခဏပါပဲ။
- စိတ်ဝင်စားစရာ နောက်တစ်ခု ရှိသေးတယ်။ ခရေပင်တွေလေ။ အိမ်နားမှာ တန်းစီပြီးပေါက်နေတာ။ သရက်ပင်တွေနဲ့ ဆိုရင်တော့ ဟိုဘက်၊ ဒီဘက်ပေါ့။ ခရေလမ်းလိုမျိုးပဲလေ။ ခရေပန်းတွေ ကောက်ပေရော့ပဲ။ သူငယ်ချင်း တစ်ယောက်ကတောင် ပြောသေးတယ်။ တစ်ကုံး S$1 နဲ့ ရောင်းပါလားတဲ့။ :P
25/03/09
ဘယ်နားမှာ နေတာလဲဟင်
ReplyDeleteအသေးလေး ... အိမ်နားမှာ ခရေပန်းတွေပါရှိလား ... အစ်မလာလည်ဦးမယ် ... မိုးရွာမှလာချင်တာ ...း)
ReplyDeleteမြို့ ထဲနဲ့ အဝေးကြီး။ ဘူတာနဲ့ ဆိုရင်တောင် bus စီးရသေးတယ်။ နေချင်သေးလား? သရက်သီးတို့ ၊ ခရေပန်းတို့ သံယောဇဉ်နဲ့ သာ။
ReplyDeleteThis comment has been removed by the author.
ReplyDeleteဖောက်သည်ယူမယ်လေ အဟိဟိ :P
ReplyDelete