Sunday, September 27, 2009

Happy Birthday

- မွေးနေ့ မှာ
သူများအတွက်
ဆုတောင်းပေးချင်ပါရဲ့ ။

- ချစ်တဲ့သူနဲ့ အတူနေနိုင်ကြပါစေ
- အတူနေတဲ့သူနဲ့ လည်း အဆင်ပြေကြပါစေ
- အဆင်ပြေစွာနဲ့ ပဲ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ အတူ အဖေ၊အမေ၊ အဘိုး၊ အဘွား တွေကို ကန်တော့နိုင်တဲ့ သူဖြစ်နိုင်ပါစေ။

- မငယ်တော့တဲ့အသက်တွေနဲ့  အရွယ်ရောက်တဲ့  နှလုံးသားပိုင်ရှင်ဖြစ်နိုင်ပါစေ။

- ဖြစ်စေချင်သလို ဖြစ်ဖို့ ဆိုတာ မလွယ်ပေမယ့်
ကြိုးစားကြည့်စေချင်တယ်။

28/09/2009


Friday, September 25, 2009

စောင့်ပေအုံးတော့

ဖုန်းဆက်လိုက်တယ်။ မကိုင်ဘူး။

The number you have dialed.... blur blur blur ... ဆိုတဲ့ အသံပဲထွက်လာတယ်။

အဲဒီအသံကြားကတည်းက ပြောချင်တဲ့စကားလုံးတွေလည်းပျောက်သွားတယ်။ ပြန်ခေါ်မလားလို့  1 min စောင့်မယ်။ ဒီကြားတည်းမှာ သောကတွေပွားမယ်။

ဘာလုပ်နေလို့ ဖုန်းမကိုင်ရတာလဲ။ Busy နေလို့ လား၊ Toilet ထဲမှာမို့ လို့ လား။
အဲဒီလောက်ထိ busy နေရအောင်ဘာလုပ်နေလို့ လဲ။။။။။။

Thursday, September 24, 2009

ခံစားတတ်သူမို့ 

- ဒါဏ်ရာတွေ မပေးပါနဲ့ 
ထိခိုက်လွယ်လို့ ပါ။

- အကြင်နာတွေ မပေးပါနဲ့ 
ခံစားလွယ်လို့ ပါ။

- မျှော်လင့်ချက်တွေ မပေးပါနဲ့ 
ပိုင်ဆိုင်ချင်လို့ ပါ။

- တကယ်ဆို
ခံစားတတ်သူမို့ 
ဘာမှမပေးဘဲနဲ့ လည်း မနေလိုက်ပါနဲ့ 
အချစ်တစ်ခုတော့ ရယူချင်လို့ ပါ။ :P

22/09/2009

Wednesday, September 23, 2009

Going to be crazy

ရူးချင်တယ်။

တိတ်တိတ်ကလေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းကလေး နေနေတဲ့ ဘ၀ထဲကို ဘာလို့ လာချင်ရတာလဲ။
restricted person only ဆိုတာ မသိဘူးလား??

ဒေါသက မဆိုင်တဲ့သူဆီထွက်ပြန်ပြီ။
သတ္တိရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ ရတယ်။ စိတ်မဆိုး တတ်ဘူး။ အင်း ... ဒေါသပဲထွက်တတ်တာ။ :P

ကျေးဇူးပြုပြီး ကိုယ်ကပေးမှ သူပေးတာ ကိုယ်ရမယ်ဆိုတာ မမေ့ပါနဲ့ ။

23/09/2009

Foot Prints

- ကျောင်းတော်ကြီးမှာ
ထင်ကျန်ခဲ့တဲ့
(တို့ တွေရဲ့ ) ခြေရာလေးတွေ ....

- Riverside မှာ
ထင်ကျန်ခဲ့တဲ့
(တို့ တွေရဲ့ ) ခြေရာလေးတွေ ....

- Library မှာ
ထင်ကျန်ခဲ့တဲ့
(တို့ တွေရဲ့ ) ခြေရာလေးတွေ ....

- အိမ်အပြန်လမ်းမှာ
ထင်ကျန်ခဲ့တဲ့
(တို့ တွေရဲ့ ) ခြေရာလေးတွေ ....

- တွေးတွေးကြည့်ရင်
ဆွေးဆွေးချင်လာရော ....

- အမှတ်ရစရာလေးတွေနဲ့ 
ဝေးတဲ့နေရာဆီကို
(တခါတလေတော့လည်း)
ထွက်ပြေးချင်တယ်။

23/09/2009

Tuesday, September 22, 2009

ပိတ်ထားတဲ့နှုတ်ခမ်းတစ်စုံ

ဟန်မဆောင်တတ်တဲ့
မျက်ဝန်းတစ်စုံနဲ့ 
မလိမ်ညာတတ်တဲ့
နှလုံးသားကို
ပိုင်ဆိုင်ထားပေမယ့်
အမှန်အတိုင်း ပြောဖို့ ဝန်လေးတတ်တဲ့
နှုတ်ခမ်းတစ်စုံက
ရင်ခုန်သံတွေကို
စကားလုံးတွေနဲ့  ပြောမယ့်အစား
ပြောသင့်တဲ့ စကားလုံးတွေကိုပဲ
ပြောဖြစ်ခဲ့တယ် ....။

ဝေးရာကိုသွားပြီး
ရင်ခုန်သံတွေကို
မြေမြှုပ်ပစ်လိုက်ရမလား ... ။

(ဒါမှမဟုတ်)
.......

22/09/2009

Thursday, September 17, 2009

Coffee

အခု ကော်ဖီသောက်တာ အရမ်းခါးနေတယ်။ မသောက်နိုင်လောက်အောင်ကို ခါးနေတယ်။

နေ့ တိုင်းသောက်နေကျကော်ဖီကတော့ quality ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

တကယ်ဆို ကိုယ့်ရဲ့ feeling ပဲပြောင်းလဲသွားတာ။

coffee သောက်နေကျစိတ်က Iced Tea ကို သောက်ချင်လာတာ။

မင်း Online မဖြစ်ပဲနဲ့  away ဖြစ်နေရင် စိတ်ထဲမှာ အလိုမကျတာ။

ဖုန်းခေါ်တာကို မင်းမကိုင်ရင် ဒေါသထွက်တာ။

...........

17/09/2009

Thursday, August 20, 2009

Manage Audit Logs



- You can track the log by archiving in the EVENT LOG. You can also log to determine as unauthorized resource is a concern.

- It allows to control the size of the log to specify the action that it takes when a log becomes full.

- First of all, you need to plan to manage the auditing log.
- which type of events you want to audit
- whether to audit success or failure
- record unauthorized access to the files
- track the printer usage
- track procedure to prevent data theft
- track unauthorized access to Active Directory objects

- Whatever the Windows can manage the audit log, the programming (vb.net 2005, vb.net 2008) - I don't know how about other languages - also can do it as Window (any verison). It is very useful and easy.. TRY IT.

20/08/2009

Wednesday, August 19, 2009

I am with 3D

- 3D အကြောင်းလာမမေးနဲ့ ။ ဘာမှမသိဘူး။ ဆွဲဖို့ မပြောနဲ့ ။ ကြည့်တောင်မကြည့်တတ်ဘူး။ ကြည့်ရင်း
နဲ့ ခေါင်းမူးလာရော။ ခံစားတတ်တဲ့လူတွေကို တကယ်လေးစားတယ်။

- ဆွဲခိုင်းပြီဆို လို့ ကတော့ ပြီးရောပဲ။ front view ကို top view လို့ မြင်လိုမြင်နဲ့ ။ သင်ဖြစ်အောင်သင်ခဲ့ရတဲ့ autocad (basic) မှာတောင် စာမေးပွဲကျတယ် ဆိုတော့ ဘယ်လောက်ထိ ညံ့မလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။

- တစ်ခုပဲသိတယ်။ ကြည့်ရတာ တော်တော်လှတယ်။ တကယ်လို့ တောင်ထင်ရတယ်။

- http://www.cgnewspaper.com/en/cgezine/tutorials/3d-concepts-chapter1-en.html?page=1 အဲဒီမှာ သွားကြည့်ကြည့်လေ။ အများကြီးပဲ။ တမေ့တမော ခံစားလို့ ကောင်းတယ်။ :P






20/08/2009

To Yangon

- 4 နှစ်လောက်ရှိပြီ။ မပြန်ဖြစ်တာ။ ခုမှပဲပြန်ဖြစ်တော့တယ်။ ၂ ညအိပ်၊ ၃ ရက်ခရီးဆိုပါတော့။ ဒီတော့ကာ ဘယ်မှလည်းမရောက်ဖြစ်ဘူးရယ်။

- ခွင့်လေးရတုန်းပြန်ပါတယ် ဆိုနေမှ ချင်းမိုင်ရောက်သွားသေးတယ်။ ရန်ကုန်ကိုအသွား လေယာဉ်ပျံက (ရန်ကုန်ကိုရောက်နေပါပြီဆိုနေမှ) အောက်ကို မဆင်းနိုင်ဘူးဖြစ်နေလို့ ချင်းမိုင်ကိုသွား အဲဒီမှာ ၂နာရီလောက်နား ပြီးမှ ရန်ကုန်ကို ပြန်လာဆိုတော့ကာ ၉နာရီခွဲဆိုက်ရမယ့်လေယာဉ်ဆိုတာ ၁နာရီခွဲမှပဲ ဆိုက်တော့တယ်။

- wednesday night လက်မှတ်ဝယ်ပြီးတော့ thursday မနက်အစောကြီး flight
နဲ့ သွားတာ ချင်းမိုင်ရောက်တာ နဲ့  thursday နေ့ တ၀က်ကကုန်ပြီ။

- ကလေးအနေနဲ့ ကတော့ ပထမဆုံးလေယာဉ်စီးရတဲ့ဒဏ်ရော၊ အကြာကြီးပဲ စီးလိုက်ရတာလည်း ပါတာပေါ့။ ငိုလည်းငို၊ အန်လည်းအန်နဲ့ လေယာဉ်တစ်စီးလုံးကို သိပါလေရော။ :(

- singapore ပြန်ရောက်တော့ ကလေးကအေးဆေးပဲ။ ကိုယ့်နိုင်ငံကို ခုမှ ပြန်ရောက် တယ်လို့ အောက်မေ့တယ်နဲ့ တူပါတယ်။ ပြီးတော့ပြောသေးတယ်။ singapore ကို ရောက်ပါပြီရှင်တဲ့။

- သူ့ ခမျာ ရန်ကုန်ရောက်တော့မှ
ခြင်ထောင်နဲ့ ပထမဆုံးအိပ်ဖူးတော့တယ်။
အပြင်မှာ မှောင်မှောင်မည်းမည်းကြီးတွေ့ ရင် အံ့သြလို့ ။


19/08/2009

Thursday, June 25, 2009

Smoking

- ဆေးလိပ်သောက်တာ မကောင်းဘူး။

- အင်း ... ။ မကောင်းဘူးပြောလို့  မသောက်တတ်ဘူး

လို့ တော့ မထင်ပါနဲ့ ။ (သောက်တတ်တယ်ရယ်လို့ လည်း မပြောပါဘူး။ စမ်းဖွာကြည့်ဖူးတယ်ပေါ့)

- အဘိုး ဆေးလိပ်သောက်တယ်။ ကိုယ်ကအိမ်မှာ မရှိတတ်လို့  (ဆေးလိပ်) ဘယ်လောက်ဆိုးလဲ မသိခဲ့ဘူး။

- (ကျောင်းတုန်းက) သူငယ်ချင်း ဆေးလိပ်သောက်တယ်။ လေကွယ်ရာမှာ ထိုင်ပြီး စကားပြောတတ်လို့  (ဆေးလိပ်) ဘယ်လောက်ဆိုးလဲ မသိခဲ့ဘူး။

- ကောင်လေးတွေ (မောင်လေး သူငယ်ချင်းတွေ) ဆေးလိပ်သောက်တယ်။ (ဟိုးတုန်းက) တစ်အိမ်တည်း အတူတူနေတော့ အခန်းတံခါးပိတ်ထားလို့  ပြောထားတော့ (ဆေးလိပ်) ဘယ်လောက်ဆိုးလဲ မသိခဲ့ဘူး။ သူတို့ လည်းပြောင်းသွားရော ... အနံ့ တွေပျောက်အောင် တော်တော်လုပ်ယူရတယ်။

- (အလုပ်ထဲမှာ) ဘေးနားမှာ ထိုင်တဲ့ တစ်ယောက် ဆေးလိပ်သောက်တယ်။ aircon ခန်းထဲ ဆေးလိပ်သောက်လို့ မရတော့ အပြင်ထွက်သောက်တယ်။ (တစ်နာရီခြားတစ်ခါလောက်) အဲဒီအထိ ကိုယ်ကအေးဆေး။ သူကနည်းနည်း ကပ်စေးနည်းတော့ (illegaly) ၀င်တဲ့ ဆေးလိပ်တွေကို သောက်တယ်။ ဈေးကနည်းနည်းပေါတော့ အနံ့ ကနည်းနည်းဆိုးတယ်။

- မနှစ်က စာချုပ်ပြည့်တော့ မန်နေဂျာက ဘာပြောချင်လဲ ဆိုလို့  နေရာပြောင်းချင်တယ်လို့ ပြောလိုက်မိတယ်။ သူ့ ကို ဒီလိုမျိုးတောင်းဆိုတာ ဘယ်သူမှ မရှိဘူးတဲ့။ သူစီစဉ်ပေးမယ်ဆိုပဲ။

- နောက်တော့မှ တစ်ယောက်တည်း သီးသန့် ထွက်နေရင်မကောင်းပါဘူးလေ။ ဆိုပြီး မပြောင်းဖြစ်ဘူး။ ဘေးကတစ်ယောက်ကိုလည်း မန်နေဂျာခေါ်ပြောတယ်နဲ့ တူပါတယ်။ ဆေးလိပ်သောက်လို့ ပြန်လာတိုင်း ရေမွေးဆွတ်တော့တာပဲ။ (ရေမွေးပုလင်းမှောက်တယ်လို့ တောင် ထင်ရတယ်။)

- ဒီတော့ကာ အနံ့ ကြီးက မွေးသလိုလို ၊ နံသလိုလို နဲ့ ထွက်ပြေးချင်စိတ်တောင်ပေါက်တယ်။

- ဆေးလိပ်သောက်တာ မကောင်းပုံများ :(

25/06/2009

Wednesday, June 24, 2009

Age of 25

- လူငယ်ကနေ လူကြီး ဖြစ်လာတဲ့ အချိန်မှာ
အသက်က ၂၅

- လူ (၁) ယောက်၊ (၂) ယောက်ရဲ့ ဘ၀တွေကို
သွန်လိုသွန် ၊ မှောက်လိုမှောက်ဖို့ 
လက်ထဲထည့်ပေးလာတဲ့အချိန်မှာ
အသက်က ၂၅

- တာဝန်နဲ့ ဝတ္တရားတွေကို
မပေးဘဲနဲ့ ယူတတ်လာတဲ့အချိန်မှာ
အသက်က ၂၅

- သူငယ်ချင်းတွေရဲ့ 
သနားတဲ့မျက်ဝန်းတွေနဲ့ ကြည့်ကြတဲ့ အချိန်မှာ
အသက်က ၂၅

- လူကြီးတွေရဲ့  မေးငေါ့တဲ့အကြည့်
မနှစ်မြို့ တဲ့အပြောတွေအောက်မှာ
အသက်က ၂၅

- ဘုရားကပေးတဲ့
လက်ဆောင်ရလာတဲ့ အချိန်မှာ
အသက်က ၂၅

- ဘ၀နဲ့ ရင်းပြီး မှားခဲ့ပေမယ့်
မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တဲ့ အချိန်မှာ
အသက်က ၂၅

- သူငယ်ချင်းတွေရဲ့ တန်ဖိုးကို
(ပို) သိလာတဲ့အချိန်မှာ
အသက်က ၂၅

- အနာဂတ်ရဲ့ အားကိုးရာဟာ
ကိုယ်ကိုယ်တိုင်ပဲဆိုတာ သိလာတဲ့အချိန်မှာ
အသက်က ၂၅

01/06/2009

Tuesday, June 23, 2009

Sometimes

- တခါတလေမှာ
မမြင်ချင်ယောင်ဆောင်တတ်ပေမယ့်
တခါတလေမှာ
ငေးကြည့်တတ်တာ ...

- တခါတလေမှာ
နွေးထွေးတတ်ပေမယ့်
တခါတလေမှာ
အေးဆေးတတ်တာ ....

- တခါတလေမှာ
ပျော်တတ်ပေမယ့်
တခါတလေမှာ
ငိုင်နေတတ်တာ ....

- တခါတလေမှာ
အလုပ်ကို ဦးစားပေးတတ်ပေမယ့်
တခါတလေမှာ
ခံစားမှုကို ဦးစားပေးတတ်တာ ....

- တခါတလေမှာ
ဖြစ်ချင်တာကို ဖြစ်အောင် လုပ်တတ်ပေမယ့်
တခါတလေမှာ
ဖြစ်ချင်သလို ဖြစ်ဆိုပြီး နေတတ်တာ ....

- တခါတလေမှာ
ဖြစ်လာတဲ့ ခံစားချက်ကို မူတည်ပြီး
တခါတလေမှာ
ချလုပ်တတ်တာ
အကျင့်လိုကို ဖြစ်နေရောပဲ....။

02/06/2009

Thursday, June 18, 2009

Day and Night


- နေမထွက်ခင်
(မြန်မြန်မြန်မြန်)
အိမ်ကထွက်ရတယ်။

- နေမ၀င်ခင်
(မြန်မြန်မြန်မြန်)
အိမ်ကိုဝင်ချင်ပေမယ့်
နေ၀င်ပြီးမှပဲ
အိမ်ကိုဝင်ခဲ့ရတယ်။

- နာရီတွေ၊ မိနစ်တွေက
နေ့ ရက်တွေကိုစား
လတွေနှစ်တွေကိုလည်းထား
နုပျိုမှုဆိုတာကိုလည်း မျိုချသွား
(တခါတလေ)
စိတ်ရောကိုယ်ပါ အနားရချင်တယ်
(တစ်နှစ်လောက်)

18/06/2009

Tuesday, March 31, 2009

အိုဘယ့်  မြနန္ဒာ ....

- ပြီးခဲ့တဲ့ စနေက မြနန္ဒာရောက်တယ်။ ဟိုးတုန်းကတော့ မန္တလေးပဲကြော်စားနေကြ။ နောက်ပိုင်း သွားစားတဲ့အချိန်တွေက
မန္တလေးပဲကြော် မရတတ်လို့  ကြက်သွန်ကြော်ပဲ စားဖြစ်တယ်။ ကြက်သွန်ကြော်လည်း ကောင်းပါတယ်ပေါ့။

- အဲဒီနေ့ တုန်းက ကလေးရယ်၊ ကျွန်မရယ်၊ အမေရယ် သွားစားကြတယ်။
မန္တလေးပဲကြော်လည်းမရ၊ ကြက်သွန်ကြော်လည်းမရတော့ ဘူးသီးကြော် စားခဲ့ရတယ်။

- ဘူးသီးကြော်ကလည်းအကြီးကြီး။ အချဉ်ရည်ကလည်း ချဉ်စုတ်နေတာပဲ။ စိတ်ကိုလျော့လိုက်ပါတယ်လေ။ ဘယ်တတ်နိုင်မလဲ။ ၀ယ်ပြီးမှတော့ စားရတော့တာပေါ့။

- ကလေးပါတော့ နို့ ဘူးလည်းပါတယ်လေ။

- အဲဒီတော့ "အမရေ၊ ရေနွေးလေးများရနိုင်မလား မသိဘူး" ဆိုတော့
ရနိုင်ပါတယ်တဲ့။ ခဏလေးစောင့်ပါတဲ့။

- OK. စောင့်လိုက်ပါတယ်လေ။ အဲဒီအမလည်း အားသွားရော။ ကလေးနို့ ဘူးထဲကို ရေနွေးထည့်ပေးတယ်လေ။ (နို့ မှုန့် ကပါပြီးသား) ရေနွေးထည့်လိုက်တာ ကလေး

နို့ ဘူးကမည်းသွားတယ်။ (အဖြူရောင်ဖြစ်ရမှာကို) ။ ဟာ ... သွားပါပြီပေါ့။

- အဲဒါနဲ့  "I want HOT WATER" လို့ ပြောပစ်လိုက်တယ်။ အဲဒီတော့မှ HOT WATER ထည့်ပေးတယ်။ လက်စသတ်တော့ ရေနွေးကြမ်းနဲ့ မှားထည့်တာလေ။

- နို့ မှုန့် ကို ရေနွေးကြမ်းနဲ့ သူ့ ကလေးကို တိုက်တယ်နဲ့ တူပါတယ်။ ပြောမပြောချင်ဘူး။

- ကလေးကတောင် သူ့ နွားနို့ ကို သူကြည့်ပြီးတော့ ဇဝေဇ၀ါတွေတောင်ဖြစ်ကုန်တယ်။

31/3/2009

(မကြီး kom ဆီက ဓါတ်ပုံကို ခွင့်မတောင်းဘဲနဲ့ သုံးထားပါသည်။ စိတ်ဆိုးလည်းဆိုးပဲ :P)


Wednesday, March 25, 2009

Raining


- မိုးတွေရွာနေတယ်။

- လေရော၊ မိုးရောကြမ်းပြီ ဟေ့ ဆိုလို့ ကတော့ ပျော်စရာကြီးပဲ။ (မိုးရေချိုးချင်လို့ မဟုတ်) ။ ပြတင်းပေါက်တွေ တဂျိမ်းဂျိမ်းနဲ့ ပိတ်တဲ့အသံက အိပ်မောကျနေတဲ့ လူကိုတောင် နှိုးစေနိုင်တယ်။ (ပြတင်းပေါက်တွေ ပိတ်ပြီးတော့လည်း ပြန်အိပ် တာပါပဲ။)

- တခါတလေ စောင်ခြုံပြီး ဒူးကွေး အိပ်တာတောင် ထပ်ကွေးချင်တုန်းပဲ။ အလုပ်သွား
ဖို့ အိပ်ရာက ထရမှာတောင် (တော်တော်ကြီးကို) ပျင်းသွားတယ်။

- ဒါပေမယ့် ...

- သရက်သီးသွားကောက်ဖို့ ကျတော့မပျင်းဘူး။ မိုးလေး တစ်ဖြောက်၊ နှစ်ဖြောက် ရွာပြီ ဆိုတာနဲ့ သရက်သီး သီးရော။ (အချိန်အခါ မဟုတ်လည်းသီးတယ်။) လက်သီးလုံးစာ လောက်ပဲ ရှိတဲ့ သရက်သီးလေးတွေ။ ချိုမှချို။ (သရက်သီးကောက်တာ ကြွပ်ကြွပ်အိတ်
နဲ့ အပြည့်ရဖူးတယ်။ စားလို့ မကုန်ဘူး) ခူးတော့မစားရဲဘူး။ security တွေ့ ရင် fine ပေးရမှာစိုးလို့ ။ :P

- ဘယ်ပြောကောင်းမလဲ။ ပျော်တာပေါ့။ ဈေးမှာရောင်းတဲ့ သရက်သီးတွေဆို ၀ယ်မစား ဘူး။ ချိုမှ မချိုတာ။ အိမ်နားက အပင်တွေနဲ့ များတခြားစီ။ သရက်သီးကို ဘယ်လောက် ကြိုက်လဲ ဆိုရင် ထမင်းကို သရက်သီးနဲ့ ပဲစားဆိုရင်တောင် ဖြစ်တယ်။ (အဲ ... အစိမ်းတော့ မစားဘူး) သူငယ်ချင်းတွေဆိုရင် သရက်သီးအစိမ်းကို ငံပြာရည်နဲ့ 
တို့ စားကြတယ်။

- မိုးတွေ မရွာတော့ဘူး ဆိုရင်တော့ ငြိမ်နေလိုက်တယ်။ ခဏပါပဲ။

- စိတ်ဝင်စားစရာ နောက်တစ်ခု ရှိသေးတယ်။ ခရေပင်တွေလေ။ အိမ်နားမှာ တန်းစီပြီးပေါက်နေတာ။ သရက်ပင်တွေနဲ့ ဆိုရင်တော့ ဟိုဘက်၊ ဒီဘက်ပေါ့။ ခရေလမ်းလိုမျိုးပဲလေ။ ခရေပန်းတွေ ကောက်ပေရော့ပဲ။ သူငယ်ချင်း တစ်ယောက်ကတောင် ပြောသေးတယ်။ တစ်ကုံး S$1 နဲ့ ရောင်းပါလားတဲ့။ :P

25/03/09

Monday, March 23, 2009

My Boss's Shop

- keychain လေးကအစ luggage အထိဆိုင်မှာရှိတယ်။ ဘုရား သေးသေးလေး တွေလည်း ရောင်းတယ်။ casino set လည်းရှိတယ်။ နာရီတွေ၊ radio တွေလည်း မျိုးစုံရှိတယ်။ မြင်ဖူးနေကျ မဟုတ်တဲ့ ဒီဇိုင်းအသစ်လေးတွေနဲ့လေ။ Hello Kitty Guitar လည်းရှိတယ်။ တစ်ခုတော့ရှိတယ်။ အကုန်လုံးပဲ ဈေးကြီးတယ်။

- customer တွေက ပစ္စည်းလေးတွေကို
ဝင်ကြည့်တယ်။ မကျေနပ်ရင် (၂)ပတ်၊ (၃)ပတ်ကြည့်တယ်။ ဆိုင်သေးသေးလေးကိုလေ။ တကယ့်ကို ပြတိုက်သေးသေးလေး ကြနေတာပဲ။ အထဲကြည့်ပြီး ပြန်လှည့်သွားကြတာချည်းပဲ။

- ပြီးတော့ ဆိုင်မှာရေးထားသေးတယ်။
“ I break, I cry
You break, You buy “ တဲ့။ ဒီတော့လည်း customer တွေက ပစ္စည်းတွေကို အရမ်းအရမ်း မကိုင်တော့ဘူးပေါ့။ တခါတလေ ဆိုင်ရှင်ကိုတောင် အားနာတယ်။ ဈေးမှ မရောင်းရတာ။ နေ့လည်နေ့ခင်းဆိုရင် (တိတ်တိတ်လေး) ငိုက်လို့ တောင်ရတယ်။ (ဆိုင်မှာကလည်း ကိုယ်တစ်ယောက်တည်းဆိုတော့)

- ဟိုတစ်လောက Laptop ယူလာပြီး game တွေဆော့၊ online တွေတက်လုပ်တော့ Laptop စတဲ့ game ဆော့လို့ ရတာ မှန်သမျှ ယူမလာရ တဲ့။ :P ဒီတော့ စာအုပ်တွေယူလာပြီး ဖတ်နေတော့တာပဲ။ (၀ိနည်းလွတ်တယ်လေ။)

- ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်ကတော့ အတတ်နိုင်ဆုံး လုပ်ပေးလိုက်တယ်။ တော်ပြီပေါ့။ ဆိုင်ခန်းငှားခက တော်တော်ကို ဈေးကြီးတော့ ဆိုင်ရှင်က ဆိုင်ပိတ်တော့မယ်တဲ့။ (အဲဒီလောက်တောင် ရောင်းကောင်းတာ) ကိုယ်သာ ဆိုင်ရှင်ဆိုရင် discount တွေ အများကြီး ချပစ်မှာ။

- ဒါတောင်နော်။ ရှေ့ မှာ pizza ဆိုင်ကြီးရှိနေပေလို့ ။ လူတွေက အဲဒီဆိုင်မှာ စားပြီးပြန်ရင် ကိုယ့်ဆိုင်ကို လှည့်ဝင်တတ်ကြတာမျိုးလေ။ ဒီနေ့ ကတော့ အဆိုးဆုံးပဲ။ S$10 ကျော်ဖိုးပဲ ရောင်းရသေးတယ်။ :(

Tuesday, March 17, 2009

Home Sweet Home


- (ရုံးကအပြန်)
မိနစ်လက်တံ တစ်ပတ်ပြည့်ရင်
အမေ့အိမ်ရောက်မယ် ....။

- ရက်စုတ်ပြက္ခဒိန်က
စုတ်ဖြဲစရာ ရက်တွေမရှိတော့ရင်
အဘိုး၊ အဘွားအိမ်ရောက်မယ် ... ။

- (အခန့် မသင့်လို့ )
အဖေ့အိမ် ရောင်းခဲ့ရပေမယ့်
(ရူးတယ်လို့ ပဲပြောပြော)
လွန်လေပြီးသော နှစ်ပေါင်းများစွာဆီက
အဖေ့ အငွေ့ အသက်တွေ ရှူရှိုက်ဖို့ 
အဖေ့ အိမ် ပြန်ဝယ်နိုင်အောင်
ခြစ်ခြစ်ခြုတ်ခြုတ် ပိုက်ဆံစုရမယ် ... ။

- (အတ္တကြီးတယ်ပဲဆိုဆို)
အဖေ့အိမ်ပေါ်မှာ
ဘယ်သူ့ ကိုမှ မနေစေချင်တာလည်း ပါမှာပေါ့။

17/03/09

Friday, March 13, 2009

နင့်ကို သိစေချင်လို့ 


- သိပ်ချစ်ပေမယ့်
လက်ထပ်ယူလို့ မဖြစ်တဲ့ .... မိန်းမတဲ့။
နင့်ကို တင်စားကြတယ်။

- အမှောင်ထဲမှာပဲ ပျော်တဲ့ ... မိန်းမတဲ့။
နင့်ကို သမုတ်ကြတယ်။

- ဘာပဲဖြစ်ဖြစ်
သူတို့ ကနင့်ကို
အသည်းနင့်အောင် ချစ်တယ်တဲ့ ..... ပြောကြပြန်တယ်။

- ပြီးတော့ ....
သူတို့ က နင့်ရင်ခွင်ထဲမှာ ပဲ
ခေါင်းချချင်တယ် ဆိုပဲ။

- ဒုက္ခ၊ သုခတွေကို
နင်နဲ့ မျှဝေ မခံစားပဲ
(စိတ်ကျေနပ်မှုရယူဖို့ )
သေခါနီးမှ
နင့်အနား လာတဲ့သူကို
နင်ဘယ်လို တုန့် ပြန်လေမလဲ ?

- သူတို့ တွေ ကမ္ဘာအနှံ့ သွားပြီး
ပျော်ပါးအားရတော့မှ
အသက်အရွယ်ထောက်လာတော့မှ
နင့်အနားလာချင်တာဟာ
နင့်ကို ရှာကျွေးဖို့ မှ ဟုတ်ရဲ့ လား ?

- နင့်အတွက်ဆိုပြီး
(သက်သက်) ဖယ်ထားတဲ့ ပိုက်ဆံတွေ
သူတို့ ဆီမှာ ရှိရဲ့ လား ?

- တချို့ ဆိုရင်
နင့်ကို အမုန်းကြီးမုန်းပြီး
အသစ်တွေနဲ့  ချစ်သွားကြတာ
နင်သိရဲ့ လား ?

- နင်သိစေဖို့ 
နှလုံးသွေးနဲ့  ရေးလိုက်တဲ့ စာရယ်ပါ။

Friday, March 6, 2009

Different Hair Styles


ဆံပင် ညှပ်မလို့ စဉ်းစားနေတာ ဘာပုံညှပ်ရမလဲ မသိလို့ .....

Short Hairstyles: