Tuesday, September 22, 2009

ပိတ်ထားတဲ့နှုတ်ခမ်းတစ်စုံ

ဟန်မဆောင်တတ်တဲ့
မျက်ဝန်းတစ်စုံနဲ့ 
မလိမ်ညာတတ်တဲ့
နှလုံးသားကို
ပိုင်ဆိုင်ထားပေမယ့်
အမှန်အတိုင်း ပြောဖို့ ဝန်လေးတတ်တဲ့
နှုတ်ခမ်းတစ်စုံက
ရင်ခုန်သံတွေကို
စကားလုံးတွေနဲ့  ပြောမယ့်အစား
ပြောသင့်တဲ့ စကားလုံးတွေကိုပဲ
ပြောဖြစ်ခဲ့တယ် ....။

ဝေးရာကိုသွားပြီး
ရင်ခုန်သံတွေကို
မြေမြှုပ်ပစ်လိုက်ရမလား ... ။

(ဒါမှမဟုတ်)
.......

22/09/2009

No comments:

Post a Comment