Showing posts with label Short Stories. Show all posts
Showing posts with label Short Stories. Show all posts
Friday, January 22, 2010
what is love?
ဘာလဲ အချစ်ဆိုတာ…
အင်း …တကယ်တော့ သူများခေါင်းစဉ်ကို ယူထားတာပါပဲ။
ထားလိုက်ပါ… ကိုယ်ပြောချင်တာက ကိုယ့်ရဲ့ အချစ်အကြောင်း
လွန်ခဲ့တဲ့ လပေါင်းများစွာက နာရီတစ်လုံးကို ချစ်လှပါချည်ရဲ့ ဆိုပြီး သူ့ အတွက်ဝယ်ခဲ့တယ်။
သူ့ ကို အဲဒီနာရီ ပတ်စေချင်လို့ ဝယ်ခဲ့တာ သူဆင်မြန်းရင် ကိုယ်ပျော်မှာပေါ့။
သူတရက်ရက် ကိုယ့်ရဲ့ နာရီပတ်လိမ့်မယ်လို့ ကိုယ်မျှော်လင့်ခဲ့တယ်။ (ဘာရယ်မဟုတ်ပါဘူး)
အဲဒီနေ့ က ….
ကိုယ်တော်တော်ဒေါသ ထွက်နေတယ်။ ကိုယ့် ရဲ့ careless mistake ကြောင့် ကိုယ့်ကိုယ်ကို ဒေါသထွက်နေတယ်။ ကိုယ့်သူ့ ကို အဲဒီနေ့ က CD တချပ် burn ပေးဖို့ အကူအညီ တောင်းမိတယ်။ သူကလည်း လုပ်ပေးပါမယ်ပေါ့။ ကိုယ် တကယ်တည်းလည်း burn ထားတဲ့ CD ကို စစ်ကြည့်လိုက်ရော.. ကိုယ်လိုချင်တာ ဒါမဟုတ်ဘူး ဖြစ်နေတယ်။ အမှန်က ကိုယ် ပို့ လိုက်တာ သူ burn တာပါပဲ။ ကိုယ်သူ့ ဆီ မပို့ ခင် ထပ်စစ်ကြည့်လိုက်ဖို့  ကောင်းတယ်။ ဒါမှမဟုတ် သူ့ CD မရိုက်ခင် သူစစ်ကြည့်ဖို့ ကောင်းတယ်။
အဆုံးသတ်တော့… နောက်ဆုံးမိနစ် ရောက်တဲ့အချိန်မှာ ကိုယ်တခြားတယောက်ဆီက အကူအညီတောင်းခဲ့ရတယ်။ ကိုယ်အဲဒီလို မဖြစ်စေချင်လို့ သူ့ ကို အကူအညီတောင်းကာမှ အဲဒီလို ဖြစ်ရတဲ့အတွက် ကိုယ်တော်တော်ဒေါသထွက်တယ်။
ကိုယ့်မျက်နှာ ဘယ်လောက်တောင်စူပုပ်နေမလဲဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ ကိုယ် သူ့ ဘေးနားမှာ ထိုင်လေ၊ ဒေါသထွက်လေ။ ကိုယ်သူ့ မျက်နှာကြည့်မိလေ၊ ဒေါသထွက်လေ။ ကိုယ်က သူ့ ဘယ်ဘက်ခြမ်းမှာ ထိုင်မိတော့ သူ့ လက်မှာ ပတ်ထားတဲ့ ကိုယ့်ရဲ့ နာရီက ကိုယ့်ကို သရော်တယ်။
ကိုယ်တခါတုန်းက ချစ်မိတဲ့ ကိုယ်ရဲ့ နာရီကိုတောင် ခပ်စိမ်းစိမ်းလေးကြည့်မိတယ်။
22/01/2010
Wednesday, March 25, 2009
Raining
- မိုးတွေရွာနေတယ်။
- လေရော၊ မိုးရောကြမ်းပြီ ဟေ့ ဆိုလို့ ကတော့ ပျော်စရာကြီးပဲ။ (မိုးရေချိုးချင်လို့ မဟုတ်) ။ ပြတင်းပေါက်တွေ တဂျိမ်းဂျိမ်းနဲ့ ပိတ်တဲ့အသံက အိပ်မောကျနေတဲ့ လူကိုတောင် နှိုးစေနိုင်တယ်။ (ပြတင်းပေါက်တွေ ပိတ်ပြီးတော့လည်း ပြန်အိပ် တာပါပဲ။)
- တခါတလေ စောင်ခြုံပြီး ဒူးကွေး အိပ်တာတောင် ထပ်ကွေးချင်တုန်းပဲ။ အလုပ်သွား
ဖို့ အိပ်ရာက ထရမှာတောင် (တော်တော်ကြီးကို) ပျင်းသွားတယ်။
- ဒါပေမယ့် ...
- သရက်သီးသွားကောက်ဖို့ ကျတော့မပျင်းဘူး။ မိုးလေး တစ်ဖြောက်၊ နှစ်ဖြောက် ရွာပြီ ဆိုတာနဲ့ သရက်သီး သီးရော။ (အချိန်အခါ မဟုတ်လည်းသီးတယ်။) လက်သီးလုံးစာ လောက်ပဲ ရှိတဲ့ သရက်သီးလေးတွေ။ ချိုမှချို။ (သရက်သီးကောက်တာ ကြွပ်ကြွပ်အိတ်
နဲ့ အပြည့်ရဖူးတယ်။ စားလို့ မကုန်ဘူး) ခူးတော့မစားရဲဘူး။ security တွေ့ ရင် fine ပေးရမှာစိုးလို့ ။ :P
- ဘယ်ပြောကောင်းမလဲ။ ပျော်တာပေါ့။ ဈေးမှာရောင်းတဲ့ သရက်သီးတွေဆို ၀ယ်မစား ဘူး။ ချိုမှ မချိုတာ။ အိမ်နားက အပင်တွေနဲ့ များတခြားစီ။ သရက်သီးကို ဘယ်လောက် ကြိုက်လဲ ဆိုရင် ထမင်းကို သရက်သီးနဲ့ ပဲစားဆိုရင်တောင် ဖြစ်တယ်။ (အဲ ... အစိမ်းတော့ မစားဘူး) သူငယ်ချင်းတွေဆိုရင် သရက်သီးအစိမ်းကို ငံပြာရည်နဲ့ 
တို့ စားကြတယ်။
- မိုးတွေ မရွာတော့ဘူး ဆိုရင်တော့ ငြိမ်နေလိုက်တယ်။ ခဏပါပဲ။
- စိတ်ဝင်စားစရာ နောက်တစ်ခု ရှိသေးတယ်။ ခရေပင်တွေလေ။ အိမ်နားမှာ တန်းစီပြီးပေါက်နေတာ။ သရက်ပင်တွေနဲ့ ဆိုရင်တော့ ဟိုဘက်၊ ဒီဘက်ပေါ့။ ခရေလမ်းလိုမျိုးပဲလေ။ ခရေပန်းတွေ ကောက်ပေရော့ပဲ။ သူငယ်ချင်း တစ်ယောက်ကတောင် ပြောသေးတယ်။ တစ်ကုံး S$1 နဲ့ ရောင်းပါလားတဲ့။ :P
25/03/09
Monday, March 23, 2009
My Boss's Shop
- keychain လေးကအစ luggage အထိဆိုင်မှာရှိတယ်။ ဘုရား သေးသေးလေး တွေလည်း ရောင်းတယ်။ casino set လည်းရှိတယ်။ နာရီတွေ၊ radio တွေလည်း မျိုးစုံရှိတယ်။ မြင်ဖူးနေကျ မဟုတ်တဲ့ ဒီဇိုင်းအသစ်လေးတွေနဲ့လေ။ Hello Kitty Guitar လည်းရှိတယ်။ တစ်ခုတော့ရှိတယ်။ အကုန်လုံးပဲ ဈေးကြီးတယ်။- customer တွေက ပစ္စည်းလေးတွေကို
ဝင်ကြည့်တယ်။ မကျေနပ်ရင် (၂)ပတ်၊ (၃)ပတ်ကြည့်တယ်။ ဆိုင်သေးသေးလေးကိုလေ။ တကယ့်ကို ပြတိုက်သေးသေးလေး ကြနေတာပဲ။ အထဲကြည့်ပြီး ပြန်လှည့်သွားကြတာချည်းပဲ။
- ပြီးတော့ ဆိုင်မှာရေးထားသေးတယ်။
“ I break, I cry
You break, You buy “ တဲ့။ ဒီတော့လည်း customer တွေက ပစ္စည်းတွေကို အရမ်းအရမ်း မကိုင်တော့ဘူးပေါ့။ တခါတလေ ဆိုင်ရှင်ကိုတောင် အားနာတယ်။ ဈေးမှ မရောင်းရတာ။ နေ့လည်နေ့ခင်းဆိုရင် (တိတ်တိတ်လေး) ငိုက်လို့ တောင်ရတယ်။ (ဆိုင်မှာကလည်း ကိုယ်တစ်ယောက်တည်းဆိုတော့)
- ဟိုတစ်လောက Laptop ယူလာပြီး game တွေဆော့၊ online တွေတက်လုပ်တော့ Laptop စတဲ့ game ဆော့လို့ ရတာ မှန်သမျှ ယူမလာရ တဲ့။ :P ဒီတော့ စာအုပ်တွေယူလာပြီး ဖတ်နေတော့တာပဲ။ (၀ိနည်းလွတ်တယ်လေ။)
- ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်ကတော့ အတတ်နိုင်ဆုံး လုပ်ပေးလိုက်တယ်။ တော်ပြီပေါ့။ ဆိုင်ခန်းငှားခက တော်တော်ကို ဈေးကြီးတော့ ဆိုင်ရှင်က ဆိုင်ပိတ်တော့မယ်တဲ့။ (အဲဒီလောက်တောင် ရောင်းကောင်းတာ) ကိုယ်သာ ဆိုင်ရှင်ဆိုရင် discount တွေ အများကြီး ချပစ်မှာ။
- ဒါတောင်နော်။ ရှေ့ မှာ pizza ဆိုင်ကြီးရှိနေပေလို့ ။ လူတွေက အဲဒီဆိုင်မှာ စားပြီးပြန်ရင် ကိုယ့်ဆိုင်ကို လှည့်ဝင်တတ်ကြတာမျိုးလေ။ ဒီနေ့ ကတော့ အဆိုးဆုံးပဲ။ S$10 ကျော်ဖိုးပဲ ရောင်းရသေးတယ်။ :(
Monday, February 2, 2009
Heart-Broken

- မနေ့တုန်းက သူငယ်ချင်း (၁) ယောက်ရဲ့  သမီးမွေးနေ့ လုပ်တယ်။ သူ့ သမီးလေးက ချစ်စရာလေး။ သူ့ သမီးလေးကို တွေ့ တိုင်း
ကိုယ့်ရဲ့ သမီးလေးကို သတိရတယ်။
- သမီးက (၃) နှစ်၊ သားက (၁)နှစ်ရှိပြီ။ နီနီရဲရဲ ချစ်စရာလေးတွေ။ တော်လည်းတော်၊ လိမ်လည်းလိမ္မာ၊ သွက်လည်းသွက်တဲ့ ကလေးလေးတွေ။
- သားသမီးကပဲ ကံခေတာလား? အမေကိုယ်တိုင်ကပဲ ကံခေတာလားမသိ။ ခုတော့ အမေက တစ်နိုင်ငံ၊ သားသမီးက တစ်နိုင်ငံ။
ဆက်ရန်ရှိသေးသည် ....
(မမေလေးနေရာတွင် ခံစားရေးဖွဲ့ သည်။)
2/2/9
Monday, January 19, 2009
Birthday Present

- လူတိုင်း၊ လူတိုင်းက ကိုယ့်မွေးနေ့ ကို တခြားလူတွေက အသိအမှတ်ပြုပေးတာ လိုချင်ကြတာချည်းပါပဲ။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့လူတွေဆီကပေါ့။ တကယ်လို့  များ အသိအမှတ်မပြုကြဘူးဆိုရင် ဘယ်လိုခံစားရမှန်း အသက်ကြီးတော့မှ နားလည်ခံစားမိတယ်။
- များသောအားဖြင့် လူတွေကတော်တော်အတ္တကြီးကြတယ်။ ကိုယ့်မွေးနေ့ ကိုပဲ အသိအမှတ် ပြုပေးတာ လိုချင်ကြပြီးတော့ သူများမွေးနေ့ ကို အသိအမှတ်ပြုပေးဖို့ 
ဝန်လေးနေကြတယ်။ မေ့လျော့နေကြတယ်။ တစ်ယောက်ယောက်ဆီက ကိုယ့်မွေးနေ့  ကို အသိအမှတ်ပြုကြောင်း မမျှော်လင့်ပဲ ကြားလိုက်ရတဲ့အခါ ဘယ်လောက်ထိဝမ်းသာ လဲဆိုတာ မသိကြဘူး။ ၀မ်းသာ တာထက်ပိုတဲ့ ကြည်နူးမှုလှိုင်းတံပိုးလေး လှုပ်ခတ်သွား တာကို ခံစားဖူးသူမှ သိမှာပါ။ ခံစားဖူးသူမှ နားလည်နိုင်မှာပါ။ ခံစားဖူးသူမှ ယုံကြည်နိုင် မှာပါ။
- အသက်အရွယ်ရလာတာနဲ့ အမျှ သူများမွေးနေ့ ကို အသိအမှတ်ပြုပေးရတာ မပျက်ကွက်ရအောင် ဂရုစိုက်ခဲ့တယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ် ပြုပေးချင်တယ်။ အသက်ကြီးကြီး၊ ငယ်ငယ် အသိအမှတ်ပြုပေးချင်တယ်။ ၀မ်းမြောက်
ဝမ်းသာနဲ့  သူတို့ ရဲ့ နှစ်သစ်ကို ကြိုဆိုပေးချင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ ခက်ခဲ၊ခက်ခဲ မွေးနေ့ ကိုကြိုသိခဲ့မှတော့ ရင်ထဲက စေတနာနဲ့ ကို ဘယ်လောက်ပဲ ကုန်ကုန်လုပ်ပေးချင်တယ်။ မမျှော်လင့်ဘဲ ၀မ်းမြောက် မှုလေးရသွားစေချင်လို့ ပါ။
- ဒီနှစ်မကြုံရင်တောင် နောက်နှစ်ကို လုပ်ပေးလို့ ရသေးတယ်။ နောက်နှစ် မကြုံရင်တောင် နောက်တစ်နှစ်ကို လုပ်ပေးလို့ ရသေးတယ်။ ကိုယ်စေတနာ၊ မေတ္တာရှိတဲ့ လူတိုင်းကိုပေါ့။ ဒါပေမယ့် ... အစားထိုးလို့ မရတဲ့ ဆုံးရှူံးမှုကြီးတစ်ခုကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ရရှိခဲ့တယ်။ ဘယ်တော့မှ မရနိုင်တော့တဲ့ ဆုံးရှူံးမှုကြီးပေါ့။
- မသိတတ်ခဲ့တဲ့ အသက်အရွယ်ကနေပြီး သိတတ်တဲ့ အသက်အရွယ်အထိ အမှတ်တမဲ့နေဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့ မှတ်ဥာဏ်အတွက်လည်း နောင်တရလို့ မဆုံးဘူး။
ဘာလို့ များမေ့လျော့နေမိပါလိမ့်လို့  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပေါင်းလည်း မနည်းဘူး။ တကယ်ဆိုရင် ... မဖြစ်သင့်ဘူး။ သူများတွေရဲ့  မွေးနေ့ ကို အသိအမှတ်ပြုတာ မပျက်ကွက်အောင် ကြိုးစားနေရင်းက ကိုယ့်အချစ်ဆုံးလူရဲ့ 
မွေးနေ့ ကို (သိရဲ့ သားနဲ့ ) ဘာလို့ ပျက်ကွက်မိလဲ မသိ။
- ခုချိန်ကျမှ "ချစ်လှပါချေရဲ့  ..." လို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့် သိနိုင်တော့တာမှ မဟုတ်တာ။ တကယ်ဆို အတူတူနေခဲ့စဉ် တစ်လျှောက်လုံး ပြောပြသင့်တယ်။ ရင်ထဲကတောင်မကဘဲ နှုတ်ကဖွင့်ဟသင့်တယ်။ သိအောင်ရေရွတ်သင့်တယ်။
မွေးနေ့ လက်ဆောင်အဖြစ် အသိအမှတ်ပြုပေးစရာ ကိုယ့်လက်ထဲမှာ ဘာတခုမှမရှိတောင် အနမ်းတခုပဲ ဖြစ်ဖြစ် ဆက်သသင့်တယ်။ တကယ်ဆိုရင် ဖြစ်သင့်တာတွေ အများကြီးပါ။ မဖြစ်နိုင်တော့တာတွေလည်း အများကြီးပဲပေါ့။
- ဖြစ်မလာနိုင်တော့တဲ့အချိန်ကျမှ သတိရနေလို့ ကတော့ ကိုယ့်အတွက် သောကအပြင် ဘာများရနိုင်မှာမို့ လို့ လဲ။ အပိုလက်ဆောင်အဖြစ် ၀မ်းနည်းမှုမျက်ရည်တွေ စီးဆင်းလာရုံပေါ့။ သူများတွေကို ကြည့်ပြီး အားကျလာရုံပေါ့။ ကိုယ့်ကိုယ်ကို ဆထက်တစ်ပိုး ၀မ်းနည်းလာရုံပေါ့။ ဒါတွေ၊ ဒါတွေကို သိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ၀မ်းမနည်းအောင်မတားဆီးနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ စိတ်တွေကို အတိတ်ထဲကနေ ဆွဲမထုတ်နိုင်ခဲ့ဘူး။ ပစ္စုပ္မန်ကို ဆွဲမပို့ နိုင်ခဲ့ဘူး။ ဒါတောင်
အတိတ်ရဲ့ အနေအထားက ကိုယ့်အနားမှာ ရှိမနေသေးလို့ သာပဲ။ ရှိများရှိရင်တော့ ရုန်းထွက်နိုင်ပါ့မလား??
5/5/4
Tuesday, January 6, 2009
Lonely Life
- ဆံပင်မဖြူ၊ သွားမ ကျိုးသေးပေမယ့် မျက်စိကတော့ မှုန်နေပါပြီ ။ (အင်း ... ဆီးချိုကြောင့်လည်းပါမှာပေါ့)- သမီး (၅) ယောက် ၊ သား (၂) ယောက်ရှိတယ် ။ သမီး (၂) ယောက်ပဲအပျိုကြီး၊ ကျန်တာအိမ်ထောင်နဲ့ ။ သမီးအကြီးကမွေးတဲ့ မြေးမလေးနဲ့  ပြီးတော့ အဘိုးကြီးနဲ့  ဟိုး ... ခြောက်လွှာက တိုက်ခန်းလေးမှာ နေတယ်။
- ဒါတောင် အဘိုးကြီးက တခါတလေ (အမြဲတမ်းလိုလိုပါ) သူ့ သမီး (သူ့ အမျိုးသားက နိုင်ငံခြားမှာ) အိမ်မှာနေတယ်။ သူ့ မှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ မနိုင်ဘူးလေ။
- စဉ်းစားသာကြည့်တော့ ... ။ အိမ်ကခြောက်တိခြောက်ချက်။ အဘွားကြီးတစ်ယောက်ကိုတောင် နေချင်စိတ်ရှိအောင် ဆွဲဆောင်မှုမရှိဘူး။
- သားသမီးတွေနဲ့ သွားနေရအောင်ကလည်း သူတို့ မှာ အိမ်ထောင်နဲ့ ဆိုတော့ ယောက်ျားမျက်နှာ ၊ မိန်းမမျက်နှာက ကြည့်ရသေးတာပေါ့။ ပါးစပ်တစ်ပေါက်ကျွေးဖို့  ဆိုတာ လွယ်တာမှမဟုတ်တာ။ သူတို့ မှာ သားသမီးတွေရှိရင်ပိုတောင် ဆိုးသေးတယ်။
- အပျိုကြီးသမီး(၁)ယောက်က နယ်ကသူ့ ညီမဆီမှာ ကလေးတွေကိုဝိုင်း ကြည့်ပေးနေတယ်။ နောက်(၁)ယောက် (အပျိုကြီး) က ၀န်ထမ်းဆိုတော့ နယ်မှာတာဝန် ကျနေတယ်။
- မြေးမလေးနဲ့ ပဲအတူတူနေရမလားအောက်မေ့ပါတယ် ... online သွားတက်ရတာနဲ့  ၊ guide သွားပြရတာနဲ့  အိမ်မှာကိုမရှိဘူး။
- သမီးကြီးနဲ့ တော့ သွားနေချင်ပါရဲ့ ။ သူ့ မှာလည်း သူ့ သမီးနဲ့ ၊ သူ့ သားနဲ့ ၊ သူ့ မြေးနဲ့  နိုင်ငံခြားမှာ။ မတွေ့ ဖူးသေးတဲ့မြစ်နဲ့ လည်း တွေ့ ချင်တယ်။ သမီးနဲ့  မြေးနဲ့  ကလည်းခေါ်ချင်တယ်။ သူ့ မှာကလည်း သူ့ သမီးလုပ်စာနဲ့ ပဲ (၂)ယောက်၊ (၃)ယောက် ထိုင်စားနေရတာဆိုတော့ .... ဒီကအဘွားကြီးပါသွားနေလိုက်လို့  ကတော့ .... ဘယ်လိုလုပ်လွယ်မလဲ။
- ဒီကအဘွားကြီးလာဖို့ လေယာဉ်လက်မှတ်ဖိုးတောင် အဲဒီကနေ ပို့ ပေးနိုင်ပါ့မလား တောင်မသိ။
- တစ်ယောက်တည်း အိမ်ပေါ်မှာ ထိုင်နေပြီး ဘာလုပ်နေရပါ့။
3/1/9
Subscribe to:
Posts (Atom)
