Friday, October 23, 2009

if i die


ကိုယ်သေသွားခဲ့ရင်...
မင်းကိုယ်နဲ့ အတူလိုက်သေမှာလား ..........
မင်းငိုပြီးကျန်ခဲ့မှာလား ..........
ကိုယ့်ကိုမသေပါနဲ့ ဆိုပြီး တောင်းဆိုလေမလား ..........
ကိုယ့်အသုဘကိုကောမင်းလာမှာတဲ့လား ..........
နောက်ဆုံးအနေနဲ့ ပဲဖြစ်ဖြစ်မင်းကိုယ့်ကိုကြည့်လေမလား ..........
ကိုယ့်ရဲ့ အသက်မရှိတဲ့ body ကိုပန်းများပေးလေမလား ..........
ကိုယ်သေသွားပြီဆိုတာကို မင်းလက်ခံမှာတဲ့လား ..........
တသက်မှာတခါပဲဖြစ်ဖြစ်မင်းကိုယ့်ကို သတိရပါ့မလား ..........
------------------
ကိုယ်ကတော့မသိနိုင်တော့ဘူး

23/10/2009

Wednesday, October 21, 2009

Once upon a time


- စွဲမက်စရာကောင်းတဲ့
  • ဟိုးတုန်းက မင်းရဲ့ အကြည့်တွေ
- ရင်ခုန်စရာကောင်းတဲ့
  • ဟိုးတုန်းက မင်းရဲ့ အပြောတွေ
- ကြည်နူးစရာကောင်းတဲ့
  • ဟိုးတုန်းက မင်းရဲ့ အပြုအမူတွေ အောက်မှာ….
- နှလုံးသားလေးတစ်ခု (ဟိုးတုန်းက)
  • ပြူတ်ကျသွားခဲ့ပေါ့။
- အိပ်မက်ကနှိုးထလာသလို
  • ပြူတ်ကျသွားခဲ့တဲ့ နှလုံးသားကို
  • ကောက်ယူလိုက်မိချိန်မှာတော့
  • အရာအားလုံးဟာ ပျောက်ကွယ်သွားခဲ့ပေါ့။
- ဟန်ဆောင်မှုကင်းတဲ့
  • မင်းရဲ့ အပြုံးတွေအောက်မှာ
  • ကိုယ်ဟာအိပ်မက်မက်ချင်ဆဲပါ။
- ဘာပဲဖြစ်ဖြစ်
  • (ဟိုးတုန်းက)
  • ကိုယ်ဟာ အိပ်မက်လှလှလေးတစ်ခုကို
  • ပိုင်ဆိုင်ခဲ့ဖူးပြီ။

21/10/2009

Monday, October 12, 2009

To whom it may concern


- ပြောပြချင်တယ်။
ကိုယ်ဘယ်လောက်လွမ်းတဲ့ အကြောင်းရယ်
ကိုယ်ဘယ်လောက်ချစ်တဲ့အကြောင်းရယ်
တတ်နိုင်ရင်
ရင်ဖွင့်ပြချင်ပါရဲ့ ။
(ဒါမှ မင်းသိမှာကိုး)

- ခုတော့
ကိုယ့်နှုတ်ကမဖွင့်ဟ
သူကိုယ်တိုင်သိနိုင်မလားရယ်လို့ 

- သူ့ ရဲ့ နှလုံးခုန်သံကို
သူ့ ရဲ့ အသံကနေ
ကြားနိုင်တယ်လို့ ပြောရင်
သူယုံနိုင်ပါ့မလား ….။

12/10/2009


Thursday, October 8, 2009

အလွမ်း

- လွမ်းတယ်ဟာ။
အရမ်းလွမ်းတယ်။
မနေနိုင်၊ မထိုင်နိုင်အောင် လွမ်းတယ်။
ဘာမှလုပ်လို့ မရအောင် လွမ်းတယ်။
ဘယ်နားရောက်လို့ ဘာလုပ်နေမယ်မှန်းမသိတဲ့ လူတစ်ယောက်ကို လွမ်းတယ်။
မလွမ်းမိအောင်ထိန်းနေရင်းကကို ထိန်းလို့ မရအောင် လွမ်းတာ။

- ကိုယ့်ကို လွမ်းရဲ့ လားလို့ မမေးသလို
သတိရရဲ့ လားလို့ တောင် မမေးပါဘူး။

- နောက်တာပဲဖြစ်ဖြစ်
"ဟင့်အင်း" လို့ ဖြေလိုက်မှာ
သိပ်ကြောက်လို့ ပါ။

- မလိုအပ်ရင်ဖုန်းမခေါ်တတ်တဲ့
သူ့ ဆီက ဖုန်းကို ပဲ
လွမ်းလွမ်းနဲ့ စောင့်နေတော့မယ်။

- သိစိတ်ကတော့မင်းခေါ်မှာ မဟုတ်ဘူးလို့ ပြောပေမယ့်
မသိစိတ်က မျှော်နေမိတယ်။

08/10/2009

Monday, October 5, 2009

ကိုယ့်ရဲ့  laptop မဟုတ်တဲ့  laptop


အဲဒီ laptop လေးကပဲ ကိုယ့်ရဲ့ အနားမှာ အမြဲတမ်းလို လို ရှိခဲ့တာ။
အိပ်ရင်တောင် သူ့ ဘေးနားမှာပဲ ကိုယ်အိပ်တာ... နေ့ ရက်တွေကို ဆက်လို့ ။

တခါတလေ တရေးမှ မအိပ်တဲ့ညတွေမှာ ကိုယ့်ကို အဖော်လုပ်ပေးတာဆို လို့ သူပဲရှိတာ....
တခါတလေ ကိုယ်သာအိပ်ပျော်သွားတယ်။ သူကတော့ ကိုယ့်ဘေးနားမှာ ငုတ်တုတ်။

ူlaptop ရယ်။ မင်းမရှိရင်ကိုယ်လွမ်းနေမိမယ်။ မင်းသခင်ကို ပြောလိုက်စမ်းပါ။ ကိုယ်တစ်ယောက်တည်း ဒီမှာ လွမ်းနေမှာပဲလို့ ။ သနားပါတယ်လို့ ။

ဒီလောက်အချိန်တိုအတွင်းမှာ မင်းကို သံယောဇဉ်တွယ်မိလိမ့်မယ်လို့ မထင်ဘူး။
မင်းမရှိတဲ့ညတွေမှာ ကိုယ်တစ်ယောက်တည်း နေတတ်အောင်ကြိုးစားရအုံးမယ်။

မင်းဟာကိုယ့်အတွက် မဟုတ်ခဲ့ပေမယ့် ကိုယ်ဟာ မင်းအတွက် ဖြစ်နေမှာပါ။

05/10/2009

Friday, October 2, 2009

It's not what i want


ဆိုင်က၀ယ်လို့ ရတဲ့
Brand ကြက်ပေါင်းရည် ၀ယ်မပေးပါနဲ့ 
မင်းပေါင်းပေးတဲ့
ကြက်ပြုတ်ရည်တစ်ခွက်လောက်
တန်ဖိုးမထားတတ်လို့ ပါ။

ဆိုင်က၀ယ်လို့ ရတဲ့
(အသစ်စက်စက်)
လက်ကိုင်ပ၀ါတစ်ထည် ၀ယ်မပေးပါနဲ့ 
မင်းသုံးနေကျ
လက်ကိုင်ပ၀ါလောက်
တန်ဖိုးမထားတတ်လို့ ပါ။

starbuck က၀ယ်လို့ ရတဲ့
ကော်ဖီတစ်ခွက် ၀ယ်မပေးပါနဲ့ 
မင်းဖျော်ပေးတဲ့
ကော်ဖီတစ်ခွက်လောက်
တန်ဖိုးမထားတတ်လို့ ပါ။

ကျေးဇူးပြုပြီး
ဝယ်လို့ ရတာ ၀ယ်မပေးပါနဲ့ 
(တကယ် လိုအပ်နေတာ) လိုချင်နေတာ
အဲဒါတွေ မဟုတ်လို့ ပါ။

02/10/2009