Showing posts with label ရင်ဘတ်ထဲက အသံများ. Show all posts
Showing posts with label ရင်ဘတ်ထဲက အသံများ. Show all posts
Tuesday, November 10, 2009
VALUE
- တစ်ယောက်နဲ့ တစ်ယောက်တန်ဖိုးဖြတ်ကြတာချင်းမတူပါဘူး။ တစ်ယောက်က quality နဲ့ ဆုံးဖြတ်သလို တစ်ယောက်က price နဲ့ ဆုံးဖြတ်လေ့ရှိတယ်။ အမှန်နဲ့ အမှား ဆုံးဖြတ်လို့ မရတဲ့လောကကြီးမှာ လူတိုင်း ကိုယ့်ဟာနဲ့ ကိုယ်မှန်နေကြတယ်။ ထားလိုက်ပါ။ ပြောချင်တာက present (သို့ မဟုတ်) gift ရဲ့ VALUE ကို ဘယ်သူက ဘာပေတံနဲ့ တိုင်းသတဲ့လဲ။ ပေးတဲ့လူရဲ့ စေတနာနဲ့ လား?? ရယူတဲ့လူရဲ့ လိုချင်တပ်မက်မှုလား??
- စပြီးတော့ဝယ်ကတည်းက ၀ယ်တဲ့လူမှာစေတနာမြောက်သွားပြီ။ ဒါလေးကတော့ သူ့ အတွက်ဆိုရင်သိပ်ကောင်းမှာပဲ။ ပြီးတော့ ကောင်းနိုးရာရာလေးတွေရွေး။ ပြီးတော့ ပိုက်ဆံချေ ဆိုတော့ကာ။ စေတနာက 100% အောက်မလျှော့ဘူး။ ဈေးကြီးတဲ့အရာတွေဆိုရင်ပိုဆိုးတယ်။
- အင်း ... ဟိုးတစ်လတုန်းက နာရီတစ်လုံးဝယ်ဖြစ်တယ်။ ဈေးနှုန်းတွေခေါင်ခိုက်နေတဲ့အထဲမှာ နာရီတစ်လုံးရဲ့ ဈေးနှုန်းက မသေးလှပါဘူး။ 3 digits နာရီတစ်လုံးရဲ့ ဈေးနှုန်းဟာ full time ကော part time ကော လူတစ်ယောက်အတွက် အခြားတစ်ယောက်ကို လက်ဆောင်ပေးဖို့ ဆိုတာ သိပ်ပြီးမလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာမှ မသုံးဖြစ်တဲ့ amount တစ်ခုပေါ့။ (ခန္ဒာကိုယ်ကို တန်ဆာဆင်တဲ့ကိစ္စတွေကို ပြောတာပါ... ခေါင်းကနေခြေထောက်အဆုံး)
- ကိုယ့်ကိုယ်ကို မသဒ္ဒါတဲ့ အဲဒီ amount ကို ရက်ရက်ရောရောနဲ့ ဝယ်ပေးနိုင်လောက်အောင် ဘာတွေကသတ္တိတွေပေးစေလဲ ကိုယ်မသိဘူး။ သေချာတာတစ်ခုက မင်းလည်းကြိုက်မှာပါဆိုတဲ့ အသိတစ်ခုရယ်၊ မင်းဝတ်လိုက်တော့ ရလိုက်တဲ့ကြည်နူးမှုတစ်ခုရယ်။ ဒါပဲ ကိုယ်သိတယ်။
- မင်းကြိုက်လို့ ပဲဝတ်ဝတ်၊ ၀တ်ချင်လို့ ပဲဝတ်ဝတ်၊ မ၀တ်ချင်ရင်ချွတ်ချင်ချွတ်၊ မ၀တ်ဘဲသူများပေးချင်လဲပေး၊ လွင့်ပစ်ချင်လည်းလွင့်ပစ်။ ကိုယ့်အတွက်ဘာမှ မဖြစ်တော့ဘူး။ ကိုယ်မင်းကို ပေးလိုက်ကတည်းက မင်းပိုင်တဲ့အရာဖြစ်သွားပြီ။
- တစ်ခေါက်လောက်တန်ဖိုးထားပြရုံနဲ့ ကိုယ်ကျေနပ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ စေတနာအထမြောက်သွားခဲ့တယ်။ ကိုယ်နားလည်ပေးလို့ ရပါတယ်။ မ၀တ်ချင်လို့ မ၀တ်တဲ့လူတစ်ယောက်ကို ဘယ်သူက force ပေးချင်မှာလဲ။ ၀တ်ချင်တဲ့ အခ်ျိန်မှာ ၀တ်တာပဲကောင်းပါတယ်။ :P
- ဟိုးတစ်နေ့ တုန်းက .... 2$ တောင်မတန်တဲ့ ကလေးကစားစရာလေးတစ်ခုဝယ်လာခဲ့တယ်။ ပြီးတော့ my girl ကိုပေးတော့ စတွေ့ ကတည်းကကြိုက်လိုက်တာ လက်ကကို မချတော့ဘူး။ mummy က သမီးကို ချစ်လို့ ဝယ်ပေးတာလေဆိုတော့ အာဘွားလာပေးတယ်။ အဲဒီဟာလေးကို သမီးလေးလိုချင်ခဲ့တာမှန်ပေမယ့် သူများပေးတာလိုချင်ခဲ့တာ မဟုတ်ဘူး။ အာဘွားပေးဖို့ ဆိုတာ ဝေလာဝေး။
- အဲဒီမှာတင် အသိတစ်ချက်ရလိုက်တယ်။ ဘယ်လောက်ပဲ ဈေးကြီးနဲ့ ပဲပေးပေး ကိုယ်ချစ်တဲ့သူပေးမှ တန်ဖိုးထားချင်ကြတယ်ဆိုတာကိုပေါ့။
09/11/2009
Thursday, October 8, 2009
အလွမ်း
- လွမ်းတယ်ဟာ။အရမ်းလွမ်းတယ်။
မနေနိုင်၊ မထိုင်နိုင်အောင် လွမ်းတယ်။
ဘာမှလုပ်လို့ မရအောင် လွမ်းတယ်။
ဘယ်နားရောက်လို့ ဘာလုပ်နေမယ်မှန်းမသိတဲ့ လူတစ်ယောက်ကို လွမ်းတယ်။
မလွမ်းမိအောင်ထိန်းနေရင်းကကို ထိန်းလို့ မရအောင် လွမ်းတာ။
- ကိုယ့်ကို လွမ်းရဲ့ လားလို့ မမေးသလို
သတိရရဲ့ လားလို့ တောင် မမေးပါဘူး။
- နောက်တာပဲဖြစ်ဖြစ်
"ဟင့်အင်း" လို့ ဖြေလိုက်မှာ
သိပ်ကြောက်လို့ ပါ။
- မလိုအပ်ရင်ဖုန်းမခေါ်တတ်တဲ့
သူ့ ဆီက ဖုန်းကို ပဲ
လွမ်းလွမ်းနဲ့ စောင့်နေတော့မယ်။
- သိစိတ်ကတော့မင်းခေါ်မှာ မဟုတ်ဘူးလို့ ပြောပေမယ့်
မသိစိတ်က မျှော်နေမိတယ်။
08/10/2009
Sunday, September 27, 2009
Happy Birthday
- မွေးနေ့ မှာ
သူများအတွက်
ဆုတောင်းပေးချင်ပါရဲ့ ။
- ချစ်တဲ့သူနဲ့ အတူနေနိုင်ကြပါစေ
- အတူနေတဲ့သူနဲ့ လည်း အဆင်ပြေကြပါစေ
- အဆင်ပြေစွာနဲ့ ပဲ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ အတူ အဖေ၊အမေ၊ အဘိုး၊ အဘွား တွေကို ကန်တော့နိုင်တဲ့ သူဖြစ်နိုင်ပါစေ။
- မငယ်တော့တဲ့အသက်တွေနဲ့  အရွယ်ရောက်တဲ့  နှလုံးသားပိုင်ရှင်ဖြစ်နိုင်ပါစေ။
- ဖြစ်စေချင်သလို ဖြစ်ဖို့ ဆိုတာ မလွယ်ပေမယ့်
ကြိုးစားကြည့်စေချင်တယ်။
28/09/2009
သူများအတွက်
ဆုတောင်းပေးချင်ပါရဲ့ ။
- ချစ်တဲ့သူနဲ့ အတူနေနိုင်ကြပါစေ
- အတူနေတဲ့သူနဲ့ လည်း အဆင်ပြေကြပါစေ
- အဆင်ပြေစွာနဲ့ ပဲ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ အတူ အဖေ၊အမေ၊ အဘိုး၊ အဘွား တွေကို ကန်တော့နိုင်တဲ့ သူဖြစ်နိုင်ပါစေ။
- မငယ်တော့တဲ့အသက်တွေနဲ့  အရွယ်ရောက်တဲ့  နှလုံးသားပိုင်ရှင်ဖြစ်နိုင်ပါစေ။
- ဖြစ်စေချင်သလို ဖြစ်ဖို့ ဆိုတာ မလွယ်ပေမယ့်
ကြိုးစားကြည့်စေချင်တယ်။
28/09/2009
Friday, September 25, 2009
စောင့်ပေအုံးတော့
ဖုန်းဆက်လိုက်တယ်။ မကိုင်ဘူး။The number you have dialed.... blur blur blur ... ဆိုတဲ့ အသံပဲထွက်လာတယ်။
အဲဒီအသံကြားကတည်းက ပြောချင်တဲ့စကားလုံးတွေလည်းပျောက်သွားတယ်။ ပြန်ခေါ်မလားလို့  1 min စောင့်မယ်။ ဒီကြားတည်းမှာ သောကတွေပွားမယ်။
ဘာလုပ်နေလို့ ဖုန်းမကိုင်ရတာလဲ။ Busy နေလို့ လား၊ Toilet ထဲမှာမို့ လို့ လား။
အဲဒီလောက်ထိ busy နေရအောင်ဘာလုပ်နေလို့ လဲ။။။။။။
Wednesday, September 23, 2009
Going to be crazy
ရူးချင်တယ်။တိတ်တိတ်ကလေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းကလေး နေနေတဲ့ ဘ၀ထဲကို ဘာလို့ လာချင်ရတာလဲ။
restricted person only ဆိုတာ မသိဘူးလား??
ဒေါသက မဆိုင်တဲ့သူဆီထွက်ပြန်ပြီ။
သတ္တိရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ ရတယ်။ စိတ်မဆိုး တတ်ဘူး။ အင်း ... ဒေါသပဲထွက်တတ်တာ။ :P
ကျေးဇူးပြုပြီး ကိုယ်ကပေးမှ သူပေးတာ ကိုယ်ရမယ်ဆိုတာ မမေ့ပါနဲ့ ။
23/09/2009
Thursday, September 17, 2009
Coffee
အခု ကော်ဖီသောက်တာ အရမ်းခါးနေတယ်။ မသောက်နိုင်လောက်အောင်ကို ခါးနေတယ်။နေ့ တိုင်းသောက်နေကျကော်ဖီကတော့ quality ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
တကယ်ဆို ကိုယ့်ရဲ့ feeling ပဲပြောင်းလဲသွားတာ။
coffee သောက်နေကျစိတ်က Iced Tea ကို သောက်ချင်လာတာ။
မင်း Online မဖြစ်ပဲနဲ့  away ဖြစ်နေရင် စိတ်ထဲမှာ အလိုမကျတာ။
ဖုန်းခေါ်တာကို မင်းမကိုင်ရင် ဒေါသထွက်တာ။
...........
17/09/2009
Thursday, June 25, 2009
Smoking
- ဆေးလိပ်သောက်တာ မကောင်းဘူး။- အင်း ... ။ မကောင်းဘူးပြောလို့  မသောက်တတ်ဘူး
လို့ တော့ မထင်ပါနဲ့ ။ (သောက်တတ်တယ်ရယ်လို့ လည်း မပြောပါဘူး။ စမ်းဖွာကြည့်ဖူးတယ်ပေါ့)
- အဘိုး ဆေးလိပ်သောက်တယ်။ ကိုယ်ကအိမ်မှာ မရှိတတ်လို့  (ဆေးလိပ်) ဘယ်လောက်ဆိုးလဲ မသိခဲ့ဘူး။
- (ကျောင်းတုန်းက) သူငယ်ချင်း ဆေးလိပ်သောက်တယ်။ လေကွယ်ရာမှာ ထိုင်ပြီး စကားပြောတတ်လို့  (ဆေးလိပ်) ဘယ်လောက်ဆိုးလဲ မသိခဲ့ဘူး။
- ကောင်လေးတွေ (မောင်လေး သူငယ်ချင်းတွေ) ဆေးလိပ်သောက်တယ်။ (ဟိုးတုန်းက) တစ်အိမ်တည်း အတူတူနေတော့ အခန်းတံခါးပိတ်ထားလို့  ပြောထားတော့ (ဆေးလိပ်) ဘယ်လောက်ဆိုးလဲ မသိခဲ့ဘူး။ သူတို့ လည်းပြောင်းသွားရော ... အနံ့ တွေပျောက်အောင် တော်တော်လုပ်ယူရတယ်။
- (အလုပ်ထဲမှာ) ဘေးနားမှာ ထိုင်တဲ့ တစ်ယောက် ဆေးလိပ်သောက်တယ်။ aircon ခန်းထဲ ဆေးလိပ်သောက်လို့ မရတော့ အပြင်ထွက်သောက်တယ်။ (တစ်နာရီခြားတစ်ခါလောက်) အဲဒီအထိ ကိုယ်ကအေးဆေး။ သူကနည်းနည်း ကပ်စေးနည်းတော့ (illegaly) ၀င်တဲ့ ဆေးလိပ်တွေကို သောက်တယ်။ ဈေးကနည်းနည်းပေါတော့ အနံ့ ကနည်းနည်းဆိုးတယ်။
- မနှစ်က စာချုပ်ပြည့်တော့ မန်နေဂျာက ဘာပြောချင်လဲ ဆိုလို့  နေရာပြောင်းချင်တယ်လို့ ပြောလိုက်မိတယ်။ သူ့ ကို ဒီလိုမျိုးတောင်းဆိုတာ ဘယ်သူမှ မရှိဘူးတဲ့။ သူစီစဉ်ပေးမယ်ဆိုပဲ။
- နောက်တော့မှ တစ်ယောက်တည်း သီးသန့် ထွက်နေရင်မကောင်းပါဘူးလေ။ ဆိုပြီး မပြောင်းဖြစ်ဘူး။ ဘေးကတစ်ယောက်ကိုလည်း မန်နေဂျာခေါ်ပြောတယ်နဲ့ တူပါတယ်။ ဆေးလိပ်သောက်လို့ ပြန်လာတိုင်း ရေမွေးဆွတ်တော့တာပဲ။ (ရေမွေးပုလင်းမှောက်တယ်လို့ တောင် ထင်ရတယ်။)
- ဒီတော့ကာ အနံ့ ကြီးက မွေးသလိုလို ၊ နံသလိုလို နဲ့ ထွက်ပြေးချင်စိတ်တောင်ပေါက်တယ်။
- ဆေးလိပ်သောက်တာ မကောင်းပုံများ :(
25/06/2009
Tuesday, March 31, 2009
အိုဘယ့်  မြနန္ဒာ ....
- ပြီးခဲ့တဲ့ စနေက မြနန္ဒာရောက်တယ်။ ဟိုးတုန်းကတော့ မန္တလေးပဲကြော်စားနေကြ။ နောက်ပိုင်း သွားစားတဲ့အချိန်တွေက မန္တလေးပဲကြော် မရတတ်လို့  ကြက်သွန်ကြော်ပဲ စားဖြစ်တယ်။ ကြက်သွန်ကြော်လည်း ကောင်းပါတယ်ပေါ့။
- အဲဒီနေ့ တုန်းက ကလေးရယ်၊ ကျွန်မရယ်၊ အမေရယ် သွားစားကြတယ်။
မန္တလေးပဲကြော်လည်းမရ၊ ကြက်သွန်ကြော်လည်းမရတော့ ဘူးသီးကြော် စားခဲ့ရတယ်။
- ဘူးသီးကြော်ကလည်းအကြီးကြီး။ အချဉ်ရည်ကလည်း ချဉ်စုတ်နေတာပဲ။ စိတ်ကိုလျော့လိုက်ပါတယ်လေ။ ဘယ်တတ်နိုင်မလဲ။ ၀ယ်ပြီးမှတော့ စားရတော့တာပေါ့။
- ကလေးပါတော့ နို့ ဘူးလည်းပါတယ်လေ။
- အဲဒီတော့ "အမရေ၊ ရေနွေးလေးများရနိုင်မလား မသိဘူး" ဆိုတော့
ရနိုင်ပါတယ်တဲ့။ ခဏလေးစောင့်ပါတဲ့။
- OK. စောင့်လိုက်ပါတယ်လေ။ အဲဒီအမလည်း အားသွားရော။ ကလေးနို့ ဘူးထဲကို ရေနွေးထည့်ပေးတယ်လေ။ (နို့ မှုန့် ကပါပြီးသား) ရေနွေးထည့်လိုက်တာ ကလေး
နို့ ဘူးကမည်းသွားတယ်။ (အဖြူရောင်ဖြစ်ရမှာကို) ။ ဟာ ... သွားပါပြီပေါ့။
- အဲဒါနဲ့  "I want HOT WATER" လို့ ပြောပစ်လိုက်တယ်။ အဲဒီတော့မှ HOT WATER ထည့်ပေးတယ်။ လက်စသတ်တော့ ရေနွေးကြမ်းနဲ့ မှားထည့်တာလေ။
- နို့ မှုန့် ကို ရေနွေးကြမ်းနဲ့ သူ့ ကလေးကို တိုက်တယ်နဲ့ တူပါတယ်။ ပြောမပြောချင်ဘူး။
- ကလေးကတောင် သူ့ နွားနို့ ကို သူကြည့်ပြီးတော့ ဇဝေဇ၀ါတွေတောင်ဖြစ်ကုန်တယ်။
31/3/2009
(မကြီး kom ဆီက ဓါတ်ပုံကို ခွင့်မတောင်းဘဲနဲ့ သုံးထားပါသည်။ စိတ်ဆိုးလည်းဆိုးပဲ :P)
Monday, February 9, 2009
On Leave

- ဒီနေ့ ခွင့်ယူတယ်။ ဘာဖြစ်လို့  ခွင့်ယူလဲမမေးနဲ့ ။ ယူချင် လို့ ကို ယူတယ်။ လုပ်ချင်လို့ လုပ်တဲ့ကိစ္စမှာ အကြောင်း ပြချက်ဆိုတာ မရှိဘူး။ မရှည်တဲ့စိတ်ကို တိုအောင်လာ မလုပ်နဲ့ ။ ကြည်လင်နေတဲ့စိတ်ကို နောက်အောင် လာလုပ် လို့ ကတော့ ရန်သူပဲ။ (ယောင်္ကျားလေးဆို ပိုဆိုးတယ်။)
- အလကား သူများကိစ္စ လာပြီးစိတ်ဝင်စားတယ်။ ဘာမှလည်း မပတ်သတ်ဘဲနဲ့ ။ (ယဉ်ယဉ်ကျေးကျေးပြောတာ ... အမှန်က စပ်စပ်စုစုလို့ သုံးချင်တာ။) သိသင့်တယ်ထင်ရင် ပြောမှာပေါ့။ လာပြီးတော့ မသုံးသပ်နဲ့ ။ မကြိုက်ဘူး။
(ဖိနပ်နဲ့ ကြေအောင် ဖိချင်တဲ့ လူတွေထဲမှာ ပါသွားလိမ့်မယ်။)
- ခရီးသွားဟန်လွဲ ကြုံဆုံတဲ့ လူတွေပဲ ဒီထက်ပိုပြီး မသိသင့်ဘူး။ မဝေဖန်သင့်ဘူး။
3/2/9
Wednesday, January 21, 2009
Red Packet

- တရုတ်နှစ်ကူးဆိုရင် အန်ပေါင်း (လို့ ခေါ်တဲ့ red packet - hongbao) ကရနေကြ။ ငယ်ငယ်လေးတုန်းကတော့ အဖေ၊အမေက ပေးတယ်။ ကြီးလာတော့ အလုပ်ကပေးတယ်။ အဓိက ကတော့ ပိုက်ဆံကို စာအိတ်ထဲ ထည့်ပြီးပေးတာပါ။ ပိုက်ဆံဘယ်လောက် ပေးလဲမသိရတော့ (ကိုယ့်ကို ပေးတယ်ဆိုရင်ပဲ) thank you (ကျေှးဇူးတင်ပါတယ်)
လို့ ပြောရတော့တာပေါ့။
-2$ ပဲ ပေးတဲ့သူက ရှိသေးတယ်။ ဘာလုပ်လို့ ရမှာလဲ (2$ နဲ့ )။ မပေးရင်လည်း မပေးပါနဲ့ တော့လား။ ရထားတောင်စီးလို့ မရဘူး။ ကားစီးလို့ ရရင် ကံကောင်း။ မနှစ်ကတော့ အလုပ်က (10$ လား 12$ လားမသိ) ပေးတယ်။ ဒီနှစ်တော့ (6$) ပဲရတယ်။
- မောင်တွေ၊ ညီမတွေကို အန်ပေါင်း(30$ တန်သည်၊ 50$ တန်သည်) ပေးရတယ်။ ဒီလောက်ပေးမှ သူတို့ တွေ ၀ယ်ချင်တာ ၀ယ်လို့ ရမှာပေါ့။
- အင်း ... အမေကတော့ ခပ်တည်တည်ပဲ။ ၀င်ငွေမရှိဘူးဆိုပြီး အန်ပေါင်းမပေးဘူး။ ကိုယ့်ကျ ၀င်ငွေရှိတယ်ဆိုပြီး မောင်တွေ၊နှမတွေကို ပေးခိုင်းတယ်။ တရားလိုက်ပုံများဆိုတာ ....။
- တော်သေးလို့ .... CNY ပြီးမှ 12$ ထပ်ရလို့ ....။ :P
Tuesday, December 23, 2008
Why I love my State?
- ဆောင်းတွင်းဆို
သမံတလင်းက နှင်းတွေ ထွက်လာတာ ကို ချစ်တယ် ...
- မိုးတွင်းဆို
ထီးဆောင်းလို့ မရအောင်
လေရော၊ မိုးရော ကြမ်းတတ်တဲ့
စစ်တွေမိုးကို လွမ်းတယ် ...
- ဆံတော်ရှင်ဘုရားဖူး သွားချင်တယ် ....
- မပြုံး ဘူးသီးကျော် စားချင်တယ် ...
- ကျောက်တော်၊ မြောက်ဦး သွား ချင် တယ် ...
- တခါမှ မရောက် ဘူးသေးတဲ့ ငပလီသွားချင် တယ် ...
- ရန်ကုန်ကနေ စစ်တွေကို ကားလမ်းနဲ့ သွားချင် တယ် ...
- ပွိုင့်ကအပြန် ၀က်ခေါင်းသုပ် နဲ့  အုန်းသီး စား ချင်တယ် ...
- ကန်တော်ကြီး ၊ သလုံးတော်နဲ့  ဧစေတီ
ရိုး၇ာကမမ နဲ့  လှိုင်းလုံးချေ
မင်းကြီးကျောက်တန်းနဲ့  ဘီလူးမတံတား
အို .... အားလုံးကိုလွမ်းတယ် ....
- ရင်ခုန်သံတွေ လွမ်းတယ် ....
Subscribe to:
Posts (Atom)
