Thursday, February 19, 2009
At Last
- မင်းပြောဖူးတဲ့ ချစ်စကား
မင်းသုံးဖူးတဲ့ ခပ်ရင့်ရင့်စကား
မာနတွေကို ထိပါး
သိက္ခာတွေကို ဖဲ့သွား
အသုံးမမှားဘူးလို့ 
မင်းလည်းယုံထား
ကိုယ်လည်းယုံထား
တခါတလေမှာေ၀၀ါး
ကိုယ့်ကို ... ချစ်မှချစ်ရဲ့ လား ???
- သူကြင်မှကိုယ်ကြင်
သူမကြင်ရင်ကိုယ်မကြင်တဲ့
စိန်ခေါ်ပွဲတွေ
နွဲခဲ့ပေါင်းလည်း မနည်းလှပါဘူး။
မင်းနဲ့ ပတ်သတ်ပြီး မဆင်နွဲချင်ဘူး။
မနိုင်ချင်ဘူး
မရှူံးချင်ဘူး
အသည်းမကွဲချင်တော့ဘူး
- (အတတ်နိုင်ဆုံး)
အတ္တတွေကိုဖြေလျော့
ဒေါသတွေကို ထိန်းပြီးတော့
နေခဲ့ရလေတော့
နောက်ဆုံးတစ်နေ့ မှာ ...... ။
3 comments:
  1. သူကြင်မှာကိုယ်ကြင်တယ်ဆိုပြီး စိန်ခေါ်ပွဲတွေနဲ့ အတူအပြိုင် ထိုးသတ်ခဲ့ပါတယ်။ ပြိုင်ပွဲတိုင်းလည်းကျရှုံးလို့ အသည်းမကွဲချင်တော့ဘူးလား အသည်းမကွဲချင်ရင် ကျွန်တော်အသည်းဆက်နည်းလေး ရှာပေးထားမယ်ဗျာ။ စတာပါဗျ ကဗျာလေးအရမ်းကောင်းပါတယ်ဗျာ ပျော်ရွှင်အဆင်ပြေပါစေဗျာ။
    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ကိုတိုးရယ်။ အသည်းဆက်နည်းတော့ မလိုအပ်တော့ပါဘူး။ ပြီးဆုံးသွားပြီ မို့ လို့ လေ။
    ReplyDelete
  3. ဟတ်ဟတ်..ကဗျာလေး မိုက်တယ် မမ ရေ။
    လျှောက်ရေးလိုက်တာ.. စိတ်တိုတဲ့အချိန်မှာလေ။ အဟီးးး :P
    ပျော်ရွှင်ပါစေမမရေ။
    လင့်ကလေးအတွက် ကျေးဇူးတင်ပါတယ်ရှင်။
    ReplyDelete