Friday, February 20, 2009

The Road

- ရှေ့ ကိုကြည့်လိုက်ရင်
လမ်းကိုတော့ဖြင့်တွေ့ နေရတာပဲ
ဆုံးနေတဲ့လမ်းလား
အဆုံးမရှိတဲ့လမ်းလား တော့မသိ

- မျက်စိတဆုံးကတော့
လမ်းကတော့ ဆုံးနေတာပဲ

- ရှေ့ ကိုရောက်လို့ မှ
လုံးဝကြီးကို
လမ်းကဆုံးနေမှန်းသိရရင်

- ပြန်ကွေ့ ဖို့ သတ္တိလည်း ရှိရမယ်။
ပြန်ကွေ့ ချင်စိတ် ရှိဖို့ လည်းလိုတယ်။
နှစ်ဆ အကုန်ခံနိုင်တယ့် အချိန်လည်း ရှိရမယ်။

- ဒါကြောင့် ....
ရှေ့ ကိုသွားဖို့ မဆုံးဖြတ်ရသေးခင်
သေသေချာချာ
စဉ်းစားရမယ်။

19/2/9

No comments:

Post a Comment