Friday, March 13, 2009

နင့်ကို သိစေချင်လို့ 


- သိပ်ချစ်ပေမယ့်
လက်ထပ်ယူလို့ မဖြစ်တဲ့ .... မိန်းမတဲ့။
နင့်ကို တင်စားကြတယ်။

- အမှောင်ထဲမှာပဲ ပျော်တဲ့ ... မိန်းမတဲ့။
နင့်ကို သမုတ်ကြတယ်။

- ဘာပဲဖြစ်ဖြစ်
သူတို့ ကနင့်ကို
အသည်းနင့်အောင် ချစ်တယ်တဲ့ ..... ပြောကြပြန်တယ်။

- ပြီးတော့ ....
သူတို့ က နင့်ရင်ခွင်ထဲမှာ ပဲ
ခေါင်းချချင်တယ် ဆိုပဲ။

- ဒုက္ခ၊ သုခတွေကို
နင်နဲ့ မျှဝေ မခံစားပဲ
(စိတ်ကျေနပ်မှုရယူဖို့ )
သေခါနီးမှ
နင့်အနား လာတဲ့သူကို
နင်ဘယ်လို တုန့် ပြန်လေမလဲ ?

- သူတို့ တွေ ကမ္ဘာအနှံ့ သွားပြီး
ပျော်ပါးအားရတော့မှ
အသက်အရွယ်ထောက်လာတော့မှ
နင့်အနားလာချင်တာဟာ
နင့်ကို ရှာကျွေးဖို့ မှ ဟုတ်ရဲ့ လား ?

- နင့်အတွက်ဆိုပြီး
(သက်သက်) ဖယ်ထားတဲ့ ပိုက်ဆံတွေ
သူတို့ ဆီမှာ ရှိရဲ့ လား ?

- တချို့ ဆိုရင်
နင့်ကို အမုန်းကြီးမုန်းပြီး
အသစ်တွေနဲ့  ချစ်သွားကြတာ
နင်သိရဲ့ လား ?

- နင်သိစေဖို့ 
နှလုံးသွေးနဲ့  ရေးလိုက်တဲ့ စာရယ်ပါ။

1 comment:

  1. အင်း ... မြန်မာပြည်ကြီးသနားစရာ .....

    ReplyDelete