Tuesday, March 31, 2009

အိုဘယ့်  မြနန္ဒာ ....

- ပြီးခဲ့တဲ့ စနေက မြနန္ဒာရောက်တယ်။ ဟိုးတုန်းကတော့ မန္တလေးပဲကြော်စားနေကြ။ နောက်ပိုင်း သွားစားတဲ့အချိန်တွေက
မန္တလေးပဲကြော် မရတတ်လို့  ကြက်သွန်ကြော်ပဲ စားဖြစ်တယ်။ ကြက်သွန်ကြော်လည်း ကောင်းပါတယ်ပေါ့။

- အဲဒီနေ့ တုန်းက ကလေးရယ်၊ ကျွန်မရယ်၊ အမေရယ် သွားစားကြတယ်။
မန္တလေးပဲကြော်လည်းမရ၊ ကြက်သွန်ကြော်လည်းမရတော့ ဘူးသီးကြော် စားခဲ့ရတယ်။

- ဘူးသီးကြော်ကလည်းအကြီးကြီး။ အချဉ်ရည်ကလည်း ချဉ်စုတ်နေတာပဲ။ စိတ်ကိုလျော့လိုက်ပါတယ်လေ။ ဘယ်တတ်နိုင်မလဲ။ ၀ယ်ပြီးမှတော့ စားရတော့တာပေါ့။

- ကလေးပါတော့ နို့ ဘူးလည်းပါတယ်လေ။

- အဲဒီတော့ "အမရေ၊ ရေနွေးလေးများရနိုင်မလား မသိဘူး" ဆိုတော့
ရနိုင်ပါတယ်တဲ့။ ခဏလေးစောင့်ပါတဲ့။

- OK. စောင့်လိုက်ပါတယ်လေ။ အဲဒီအမလည်း အားသွားရော။ ကလေးနို့ ဘူးထဲကို ရေနွေးထည့်ပေးတယ်လေ။ (နို့ မှုန့် ကပါပြီးသား) ရေနွေးထည့်လိုက်တာ ကလေး

နို့ ဘူးကမည်းသွားတယ်။ (အဖြူရောင်ဖြစ်ရမှာကို) ။ ဟာ ... သွားပါပြီပေါ့။

- အဲဒါနဲ့  "I want HOT WATER" လို့ ပြောပစ်လိုက်တယ်။ အဲဒီတော့မှ HOT WATER ထည့်ပေးတယ်။ လက်စသတ်တော့ ရေနွေးကြမ်းနဲ့ မှားထည့်တာလေ။

- နို့ မှုန့် ကို ရေနွေးကြမ်းနဲ့ သူ့ ကလေးကို တိုက်တယ်နဲ့ တူပါတယ်။ ပြောမပြောချင်ဘူး။

- ကလေးကတောင် သူ့ နွားနို့ ကို သူကြည့်ပြီးတော့ ဇဝေဇ၀ါတွေတောင်ဖြစ်ကုန်တယ်။

31/3/2009

(မကြီး kom ဆီက ဓါတ်ပုံကို ခွင့်မတောင်းဘဲနဲ့ သုံးထားပါသည်။ စိတ်ဆိုးလည်းဆိုးပဲ :P)


7 comments:

  1. မေဓာဝီApril 5, 2009 at 1:57 AM

    မန္တလေးပဲကြော်စားချင်လိုက်တာ။

    နို့ဘူးပေးတာတောင် ရေနွေးကြမ်းထည့်ပေးတယ်ဆိုတော့ တမျိုးပါလား။ စိတ်နဲ့လူနဲ့ မကပ်တာပဲ ဖြစ်ရမယ်။ ကလေးလေး သနားပါတယ်။

    ReplyDelete
  2. Cbox လည်းမတွေ့ဘူး
    Comment ထဲမှာဘဲ ၀င်နှုတ်ဆက်သွားပြီ။

    good luck

    ReplyDelete
  3. သမီးကို နွားနို့ ဆိုပြီး တိုက်လို့ မှ မရတော့ဘဲ။ (အဖြူရောင်မှ မဟုတ်တော့တာ) ဒီတော့ကာ ... သမီးရေ။ ဒီမှာ milo .....

    ReplyDelete
  4. ကြယ်ပြာMay 1, 2009 at 4:54 AM

    ဟ ဟ ဖြတ်ထိုးဥဏ်ကလဲ ကောင်းပါ့ ... သမော်တီးလေးက သောက်လား မိုင်လိုဆိုတော့လေ ....

    ReplyDelete
  5. အမရေ အလည်လာပါတယ် စီဗုံးမတွေ့လို့ ဒီမှာပဲ ၀င်ရေးလိုက်ပါတယ်နော် စာလေးတွေဖတ်သွားပါတယ်
    လာလည်တာကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  6. မဆိုးပါဘူး ကြိုက်သလိုလုပ်။

    ReplyDelete
  7. ဒါကြောင့်မြင်ဘူးသလိုတော့ရှိသား

    ReplyDelete