Wednesday, June 24, 2009

Age of 25

- လူငယ်ကနေ လူကြီး ဖြစ်လာတဲ့ အချိန်မှာ
အသက်က ၂၅

- လူ (၁) ယောက်၊ (၂) ယောက်ရဲ့ ဘ၀တွေကို
သွန်လိုသွန် ၊ မှောက်လိုမှောက်ဖို့ 
လက်ထဲထည့်ပေးလာတဲ့အချိန်မှာ
အသက်က ၂၅

- တာဝန်နဲ့ ဝတ္တရားတွေကို
မပေးဘဲနဲ့ ယူတတ်လာတဲ့အချိန်မှာ
အသက်က ၂၅

- သူငယ်ချင်းတွေရဲ့ 
သနားတဲ့မျက်ဝန်းတွေနဲ့ ကြည့်ကြတဲ့ အချိန်မှာ
အသက်က ၂၅

- လူကြီးတွေရဲ့  မေးငေါ့တဲ့အကြည့်
မနှစ်မြို့ တဲ့အပြောတွေအောက်မှာ
အသက်က ၂၅

- ဘုရားကပေးတဲ့
လက်ဆောင်ရလာတဲ့ အချိန်မှာ
အသက်က ၂၅

- ဘ၀နဲ့ ရင်းပြီး မှားခဲ့ပေမယ့်
မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တဲ့ အချိန်မှာ
အသက်က ၂၅

- သူငယ်ချင်းတွေရဲ့ တန်ဖိုးကို
(ပို) သိလာတဲ့အချိန်မှာ
အသက်က ၂၅

- အနာဂတ်ရဲ့ အားကိုးရာဟာ
ကိုယ်ကိုယ်တိုင်ပဲဆိုတာ သိလာတဲ့အချိန်မှာ
အသက်က ၂၅

01/06/2009

No comments:

Post a Comment