Tuesday, June 23, 2009

Sometimes

- တခါတလေမှာ
မမြင်ချင်ယောင်ဆောင်တတ်ပေမယ့်
တခါတလေမှာ
ငေးကြည့်တတ်တာ ...

- တခါတလေမှာ
နွေးထွေးတတ်ပေမယ့်
တခါတလေမှာ
အေးဆေးတတ်တာ ....

- တခါတလေမှာ
ပျော်တတ်ပေမယ့်
တခါတလေမှာ
ငိုင်နေတတ်တာ ....

- တခါတလေမှာ
အလုပ်ကို ဦးစားပေးတတ်ပေမယ့်
တခါတလေမှာ
ခံစားမှုကို ဦးစားပေးတတ်တာ ....

- တခါတလေမှာ
ဖြစ်ချင်တာကို ဖြစ်အောင် လုပ်တတ်ပေမယ့်
တခါတလေမှာ
ဖြစ်ချင်သလို ဖြစ်ဆိုပြီး နေတတ်တာ ....

- တခါတလေမှာ
ဖြစ်လာတဲ့ ခံစားချက်ကို မူတည်ပြီး
တခါတလေမှာ
ချလုပ်တတ်တာ
အကျင့်လိုကို ဖြစ်နေရောပဲ....။

02/06/2009

No comments:

Post a Comment