Thursday, October 8, 2009

အလွမ်း

- လွမ်းတယ်ဟာ။
အရမ်းလွမ်းတယ်။
မနေနိုင်၊ မထိုင်နိုင်အောင် လွမ်းတယ်။
ဘာမှလုပ်လို့ မရအောင် လွမ်းတယ်။
ဘယ်နားရောက်လို့ ဘာလုပ်နေမယ်မှန်းမသိတဲ့ လူတစ်ယောက်ကို လွမ်းတယ်။
မလွမ်းမိအောင်ထိန်းနေရင်းကကို ထိန်းလို့ မရအောင် လွမ်းတာ။

- ကိုယ့်ကို လွမ်းရဲ့ လားလို့ မမေးသလို
သတိရရဲ့ လားလို့ တောင် မမေးပါဘူး။

- နောက်တာပဲဖြစ်ဖြစ်
"ဟင့်အင်း" လို့ ဖြေလိုက်မှာ
သိပ်ကြောက်လို့ ပါ။

- မလိုအပ်ရင်ဖုန်းမခေါ်တတ်တဲ့
သူ့ ဆီက ဖုန်းကို ပဲ
လွမ်းလွမ်းနဲ့ စောင့်နေတော့မယ်။

- သိစိတ်ကတော့မင်းခေါ်မှာ မဟုတ်ဘူးလို့ ပြောပေမယ့်
မသိစိတ်က မျှော်နေမိတယ်။

08/10/2009

No comments:

Post a Comment