Friday, October 2, 2009

It's not what i want


ဆိုင်က၀ယ်လို့ ရတဲ့
Brand ကြက်ပေါင်းရည် ၀ယ်မပေးပါနဲ့ 
မင်းပေါင်းပေးတဲ့
ကြက်ပြုတ်ရည်တစ်ခွက်လောက်
တန်ဖိုးမထားတတ်လို့ ပါ။

ဆိုင်က၀ယ်လို့ ရတဲ့
(အသစ်စက်စက်)
လက်ကိုင်ပ၀ါတစ်ထည် ၀ယ်မပေးပါနဲ့ 
မင်းသုံးနေကျ
လက်ကိုင်ပ၀ါလောက်
တန်ဖိုးမထားတတ်လို့ ပါ။

starbuck က၀ယ်လို့ ရတဲ့
ကော်ဖီတစ်ခွက် ၀ယ်မပေးပါနဲ့ 
မင်းဖျော်ပေးတဲ့
ကော်ဖီတစ်ခွက်လောက်
တန်ဖိုးမထားတတ်လို့ ပါ။

ကျေးဇူးပြုပြီး
ဝယ်လို့ ရတာ ၀ယ်မပေးပါနဲ့ 
(တကယ် လိုအပ်နေတာ) လိုချင်နေတာ
အဲဒါတွေ မဟုတ်လို့ ပါ။

02/10/2009

No comments:

Post a Comment