Tuesday, January 6, 2009

Lonely Life

- ဆံပင်မဖြူ၊ သွားမ ကျိုးသေးပေမယ့် မျက်စိကတော့ မှုန်နေပါပြီ ။ (အင်း ... ဆီးချိုကြောင့်လည်းပါမှာပေါ့)

- သမီး (၅) ယောက် ၊ သား (၂) ယောက်ရှိတယ် ။ သမီး (၂) ယောက်ပဲအပျိုကြီး၊ ကျန်တာအိမ်ထောင်နဲ့ ။ သမီးအကြီးကမွေးတဲ့ မြေးမလေးနဲ့  ပြီးတော့ အဘိုးကြီးနဲ့  ဟိုး ... ခြောက်လွှာက တိုက်ခန်းလေးမှာ နေတယ်။

- ဒါတောင် အဘိုးကြီးက တခါတလေ (အမြဲတမ်းလိုလိုပါ) သူ့ သမီး (သူ့ အမျိုးသားက နိုင်ငံခြားမှာ) အိမ်မှာနေတယ်။ သူ့ မှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ မနိုင်ဘူးလေ။

- စဉ်းစားသာကြည့်တော့ ... ။ အိမ်ကခြောက်တိခြောက်ချက်။ အဘွားကြီးတစ်ယောက်ကိုတောင် နေချင်စိတ်ရှိအောင် ဆွဲဆောင်မှုမရှိဘူး။

- သားသမီးတွေနဲ့ သွားနေရအောင်ကလည်း သူတို့ မှာ အိမ်ထောင်နဲ့ ဆိုတော့ ယောက်ျားမျက်နှာ ၊ မိန်းမမျက်နှာက ကြည့်ရသေးတာပေါ့။ ပါးစပ်တစ်ပေါက်ကျွေးဖို့  ဆိုတာ လွယ်တာမှမဟုတ်တာ။ သူတို့ မှာ သားသမီးတွေရှိရင်ပိုတောင် ဆိုးသေးတယ်။

- အပျိုကြီးသမီး(၁)ယောက်က နယ်ကသူ့ ညီမဆီမှာ ကလေးတွေကိုဝိုင်း ကြည့်ပေးနေတယ်။ နောက်(၁)ယောက် (အပျိုကြီး) က ၀န်ထမ်းဆိုတော့ နယ်မှာတာဝန် ကျနေတယ်။

- မြေးမလေးနဲ့ ပဲအတူတူနေရမလားအောက်မေ့ပါတယ် ... online သွားတက်ရတာနဲ့  ၊ guide သွားပြရတာနဲ့  အိမ်မှာကိုမရှိဘူး။

- သမီးကြီးနဲ့ တော့ သွားနေချင်ပါရဲ့ ။ သူ့ မှာလည်း သူ့ သမီးနဲ့ ၊ သူ့ သားနဲ့ ၊ သူ့ မြေးနဲ့  နိုင်ငံခြားမှာ။ မတွေ့ ဖူးသေးတဲ့မြစ်နဲ့ လည်း တွေ့ ချင်တယ်။ သမီးနဲ့  မြေးနဲ့  ကလည်းခေါ်ချင်တယ်။ သူ့ မှာကလည်း သူ့ သမီးလုပ်စာနဲ့ ပဲ (၂)ယောက်၊ (၃)ယောက် ထိုင်စားနေရတာဆိုတော့ .... ဒီကအဘွားကြီးပါသွားနေလိုက်လို့  ကတော့ .... ဘယ်လိုလုပ်လွယ်မလဲ။

- ဒီကအဘွားကြီးလာဖို့ လေယာဉ်လက်မှတ်ဖိုးတောင် အဲဒီကနေ ပို့ ပေးနိုင်ပါ့မလား တောင်မသိ။

- တစ်ယောက်တည်း အိမ်ပေါ်မှာ ထိုင်နေပြီး ဘာလုပ်နေရပါ့။

3/1/9

No comments:

Post a Comment