Tuesday, December 23, 2008

One day



- ဟန်မဆောင်ဘူး
နင့်ကိုငါချစ်ခဲ့တယ် …

- မလိမ်ညာဘူး
နင့်ကိုငါစွဲလမ်းခဲ့တယ် …

- မလုယူဘူး
နင့်ရဲ့ သိစိတ်တွေ၊ မသိစိတ်တွေ …

- ငါလိုချင်တာ
နင့်ရဲ့ ပ စ္စုပ္ပန် တစ်ခုထဲပါ ….

- အနာဂတ်မှာ ဘာဖြစ်ဖြစ်
နင့်ကိုငါခေါင်းပုံမချဘူး …

- ငါ့ပြဿ နာ ဟာ နင့်ပြဿနာ ဆိုပေမယ့်
ငါ့ကိုယ်ငါတာဝန်ယူရဲတယ် …

- နင့်ကိုငါ
Force မပေးဘူး
အကျပ်မကိုင်ဘူး
မတောင်းပန်ဘူး
လွှဲမချဘူး

- နင့်အပေါ်မှာ
(နင်မလိုချင်တဲ့)
ပြဿ နာတစုံတရာ မဖြစ်စေချင်ဘူး …

- နင်လိုချင်တာ
ဘာမဆိုပေးဆပ်ဖို့  အဆင်သင့်ဆိုပေမယ့်
ပြဿ နာမဟုတ်ဘူး
မကြင်နာတာမဟုတ်ဘူး ….

- နင်တစ်နေ့ နားလည်လာမှာပါ
ငါဘယ်လောက်ထိ
ခံစားခဲ့ရတာကို
ပေးဆပ်ခဲ့ရတာကို …

- ငါမျှော်လင့်နေမှာပါ
ငါ့စိတ်တွေနင့်ဆီမှာရှိနေသရွေ့ 
နင့်စိတ်တွေငါ့ဆီမှာရှိမယ့်နေ့ ကို ….

- ဒါမှမဟုတ် …
နင့်ရင်ထဲမှာ
နက်နက်ရှိုင်းရှိုင်းနဲ့ 
ငါ့ကိုသတိရနေမယ့်နေ့ ကို ….

ဆုံချင်ပါသေးတယ်
ငါသေခင်တစ်နေ့ ပေါ့ …

05/07/2006


1 comment: