Tuesday, December 23, 2008

Why I love my State?



- ဆောင်းတွင်းဆို
သမံတလင်းက နှင်းတွေ ထွက်လာတာ ကို ချစ်တယ် ...

- မိုးတွင်းဆို
ထီးဆောင်းလို့ မရအောင်
လေရော၊ မိုးရော ကြမ်းတတ်တဲ့
စစ်တွေမိုးကို လွမ်းတယ် ...

- ဆံတော်ရှင်ဘုရားဖူး သွားချင်တယ် ....

- မပြုံး ဘူးသီးကျော် စားချင်တယ် ...

- ကျောက်တော်၊ မြောက်ဦး သွား ချင် တယ် ...

- တခါမှ မရောက် ဘူးသေးတဲ့ ငပလီသွားချင် တယ် ...

- ရန်ကုန်ကနေ စစ်တွေကို ကားလမ်းနဲ့ သွားချင် တယ် ...

- ပွိုင့်ကအပြန် ၀က်ခေါင်းသုပ် နဲ့  အုန်းသီး စား ချင်တယ် ...

- ကန်တော်ကြီး ၊ သလုံးတော်နဲ့  ဧစေတီ
ရိုး၇ာကမမ နဲ့  လှိုင်းလုံးချေ
မင်းကြီးကျောက်တန်းနဲ့  ဘီလူးမတံတား
အို .... အားလုံးကိုလွမ်းတယ် ....

- ရင်ခုန်သံတွေ လွမ်းတယ် ....

No comments:

Post a Comment