Monday, November 9, 2009

ရုန်းထွက်ခြင်း


- မွန်းကြပ်မှုတွေကြားထဲ
နှိပ်စက်မှုတွေကြားထဲ
ဖိနှိပ်မှုတွေကြားထဲ
နာကြည်းမှုတွေကြားထဲ
ခံပြင်းမှုတွေကြားထဲ
မကျေနပ်မှုတွေကြားထဲ
ရက်စက်မှုတွေကြားထဲ
နေလာခဲ့တဲ့ဘ၀ ....

- မနားဘဲလုပ်ခဲ့ပေမယ့်
မလောက်ငမှုတွေကြား
ဆက်သွားနေရလေတော့ ....

- မိသားစုကိုငဲ့
အနာဂတ်ကို မဖျက်ချင်တော့ ....

- လွတ်ရာကျွတ်ရာ
ဒီထက်ကောင်းဖို့ ရာ
အနာဂတ်လှဖို့ ရာ
ရုန်းထွက်တာကို
အမှားလို့ များ ဆိုလေမလား.....။

08/2003


2 comments:

  1. ရုန်းထွက်တယ်ဆိုတဲ့အသုံးအနှုန်းလေးက against လုပ်တယ်ဆိုတဲ့ force ပါနေတယ်။
    အဲဒီforce ကို ရုန်းထွက်တယ်ဆိုတဲ့အမြင်နဲ့ မမြင်ပဲအသုံးချဖို့ လိုတယ်လို့ ထင်ပါတယ်။

    ReplyDelete
  2. ထွက်ပေါက်ရှာတာကို ရုန်းထွက်တာ မဟုတ်ဘူးလို့ ပြောချင်တာလား ???

    ReplyDelete