Tuesday, November 10, 2009

VALUE


- တစ်ယောက်နဲ့ တစ်ယောက်တန်ဖိုးဖြတ်ကြတာချင်းမတူပါဘူး။ တစ်ယောက်က quality နဲ့ ဆုံးဖြတ်သလို တစ်ယောက်က price နဲ့ ဆုံးဖြတ်လေ့ရှိတယ်။ အမှန်နဲ့ အမှား ဆုံးဖြတ်လို့ မရတဲ့လောကကြီးမှာ လူတိုင်း ကိုယ့်ဟာနဲ့ ကိုယ်မှန်နေကြတယ်။ ထားလိုက်ပါ။ ပြောချင်တာက present (သို့ မဟုတ်) gift ရဲ့ VALUE ကို ဘယ်သူက ဘာပေတံနဲ့ တိုင်းသတဲ့လဲ။ ပေးတဲ့လူရဲ့ စေတနာနဲ့ လား?? ရယူတဲ့လူရဲ့ လိုချင်တပ်မက်မှုလား??

- စပြီးတော့ဝယ်ကတည်းက ၀ယ်တဲ့လူမှာစေတနာမြောက်သွားပြီ။ ဒါလေးကတော့ သူ့ အတွက်ဆိုရင်သိပ်ကောင်းမှာပဲ။ ပြီးတော့ ကောင်းနိုးရာရာလေးတွေရွေး။ ပြီးတော့ ပိုက်ဆံချေ ဆိုတော့ကာ။ စေတနာက 100% အောက်မလျှော့ဘူး။ ဈေးကြီးတဲ့အရာတွေဆိုရင်ပိုဆိုးတယ်။

- အင်း ... ဟိုးတစ်လတုန်းက နာရီတစ်လုံးဝယ်ဖြစ်တယ်။ ဈေးနှုန်းတွေခေါင်ခိုက်နေတဲ့အထဲမှာ နာရီတစ်လုံးရဲ့ ဈေးနှုန်းက မသေးလှပါဘူး။ 3 digits နာရီတစ်လုံးရဲ့ ဈေးနှုန်းဟာ full time ကော part time ကော လူတစ်ယောက်အတွက် အခြားတစ်ယောက်ကို လက်ဆောင်ပေးဖို့ ဆိုတာ သိပ်ပြီးမလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာမှ မသုံးဖြစ်တဲ့ amount တစ်ခုပေါ့။ (ခန္ဒာကိုယ်ကို တန်ဆာဆင်တဲ့ကိစ္စတွေကို ပြောတာပါ... ခေါင်းကနေခြေထောက်အဆုံး)

- ကိုယ့်ကိုယ်ကို မသဒ္ဒါတဲ့ အဲဒီ amount ကို ရက်ရက်ရောရောနဲ့ ဝယ်ပေးနိုင်လောက်အောင် ဘာတွေကသတ္တိတွေပေးစေလဲ ကိုယ်မသိဘူး။ သေချာတာတစ်ခုက မင်းလည်းကြိုက်မှာပါဆိုတဲ့ အသိတစ်ခုရယ်၊ မင်းဝတ်လိုက်တော့ ရလိုက်တဲ့ကြည်နူးမှုတစ်ခုရယ်။ ဒါပဲ ကိုယ်သိတယ်။

- မင်းကြိုက်လို့ ပဲဝတ်ဝတ်၊ ၀တ်ချင်လို့ ပဲဝတ်ဝတ်၊ မ၀တ်ချင်ရင်ချွတ်ချင်ချွတ်၊ မ၀တ်ဘဲသူများပေးချင်လဲပေး၊ လွင့်ပစ်ချင်လည်းလွင့်ပစ်။ ကိုယ့်အတွက်ဘာမှ မဖြစ်တော့ဘူး။ ကိုယ်မင်းကို ပေးလိုက်ကတည်းက မင်းပိုင်တဲ့အရာဖြစ်သွားပြီ။

- တစ်ခေါက်လောက်တန်ဖိုးထားပြရုံနဲ့ ကိုယ်ကျေနပ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ စေတနာအထမြောက်သွားခဲ့တယ်။ ကိုယ်နားလည်ပေးလို့ ရပါတယ်။ မ၀တ်ချင်လို့ မ၀တ်တဲ့လူတစ်ယောက်ကို ဘယ်သူက force ပေးချင်မှာလဲ။ ၀တ်ချင်တဲ့ အခ်ျိန်မှာ ၀တ်တာပဲကောင်းပါတယ်။ :P

- ဟိုးတစ်နေ့ တုန်းက .... 2$ တောင်မတန်တဲ့ ကလေးကစားစရာလေးတစ်ခုဝယ်လာခဲ့တယ်။ ပြီးတော့ my girl ကိုပေးတော့ စတွေ့ ကတည်းကကြိုက်လိုက်တာ လက်ကကို မချတော့ဘူး။ mummy က သမီးကို ချစ်လို့ ဝယ်ပေးတာလေဆိုတော့ အာဘွားလာပေးတယ်။ အဲဒီဟာလေးကို သမီးလေးလိုချင်ခဲ့တာမှန်ပေမယ့် သူများပေးတာလိုချင်ခဲ့တာ မဟုတ်ဘူး။ အာဘွားပေးဖို့ ဆိုတာ ဝေလာဝေး။

- အဲဒီမှာတင် အသိတစ်ချက်ရလိုက်တယ်။ ဘယ်လောက်ပဲ ဈေးကြီးနဲ့ ပဲပေးပေး ကိုယ်ချစ်တဲ့သူပေးမှ တန်ဖိုးထားချင်ကြတယ်ဆိုတာကိုပေါ့။

09/11/2009

2 comments:

  1. နောက်ဆုံးအကြောင်းလေးအကြိုက်ဆုံးပဲ။ရေးထားတာကလည်းစာအသွားအလာကိုညီလို့ ။သမီးလေးကတော့နင့်ကိုရိုးရိုးသားသားဖြူဖြူစင်စင်ချစ်တာကိုး။ဒါပေမယ့်တစ်ခုတော့ရှိတယ် အဲဒီလိုနင်ချစ်သမျှနားလည်တတ်အောင်နောက်ထပ်အမြဲသင်ပေးနေရမှာနင့်တာဝန်ပေါ့။

    ReplyDelete
  2. လာလည်သွားပါတယ် နော်
    စီဘောက်မတွေ့လို့ဒီကပဲရေးသွားတယ်နော်

    ReplyDelete