Monday, November 2, 2009

u & me


- မင်းအကြောင်းကို စဉ်းစားမိတိုင်း ကိုယ့်စိတ်ထဲမှာ မင်းမျက်နှာမြင်ယောင်လာမိတယ်။ ဗိုသီဗတ်သီနဲ့ အသည်းအသန်ကြိုးစားနေတဲ့ပုံကို ပုံဖော်ကြည့်မိတယ်။ ကိုယ်မင်းလောက်ဇွဲမကောင်းပေမယ့် မရရအောင်ကြိုးစားတတ်တယ်ဆိုတာမင်းသိတယ်။ ကိုယ်မင်းလောက်မျှော်လင့်ချက်မကြီးပေမယ့် ကိုယ်မင်းထက်အများကြီးပျော်ပျော်နေတတ်တယ်။

- မင်းက stress အများကြီးအောက်မှာ ပျော်ပျော်မနေတတ်ပေမယ့် ကိုယ်ကတော့ အေးဆေးပဲ။ မင်းကိုယ်မင်း သိပ်အထင်ကြီးတတ်ပေမယ့် ကိုယ်ကတော့ လူထဲက လူတစ်ယောက်ပါပဲ။ ကိုယ်က relationship ဆိုတာကြီးကို တန်ဖိုးထားနေတဲ့အချိန်မှာ မင်းကအရေးမကြီးတဲ့အရာတွေကို တန်ဖိုးထားတယ်။

- ကိုယ်ကအရာအားလုံးကို လုပ်ဖို့ ဝန်မလေးပေမယ့် မင်းမလုပ်ရဲတာတွေအများကြီးရှိတယ်။ ကိုယ်မလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ကြွေးကြော်နေတဲ့အချိန်မှာ မင်းမှာ out of control တွေအများကြီးရှိနေတယ်။ မင်းအတွက်အချစ်ဆိုတာ ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်အရာရာကို စွန့် လွတ်ရဲ တဲ့သတ္တိတွေဖြစ်စေတယ်။

to be continued....

No comments:

Post a Comment