Thursday, November 5, 2009

The Truth

- ဗမာလက်ဖက်ရည်ဆိုင် သွားမိပါတယ်။
ဗမာလက်ဖက်ရည်
ရောင်းတဲ့ဆိုင်ကိုပဲ တွေ့ ခဲ့ရတယ်။

- ဗမာပွဲကို သွားမိပါတယ်။
ဗမာဝတ်စုံဝတ်ထားတဲ့
လူတွေကိုပဲ တွေ့ ခဲ့ရတယ်။

- ဗမာ (လူ)တွေနဲ့ တွေ့ မိပါတယ်။
ဗမာစကားပြောတဲ့
လူတွေကိုပဲ တွေ့ ခဲ့ရတယ်။

- ခံစားချက်အစစ်အမှန်ကို
လိုချင်သူအတွက်
ဘယ်နေရာမှာများ ရှာရပါ့မလဲ။

- တကယ်တော့
ရှာဖွေနေတာ ဒါတွေ မဟုတ်ခဲ့ဘူး။


2004

1 comment:

  1. ခံစားချက်အစစ်အမှန်ကိုလို ချင်ရင် ခံစားတတ်တဲ့လူတွေကြားသွားရမှာပေါ့ လို့ ပြောအောင်ရေးတတ်တဲ့ပညာကိုချီးကျူးပါတယ်။
    ရှာပါ။တစ်ကယ်ခံစားတတ်တဲ့သူတွေကိုရှာပါ။သူတို့ တွေတစ်ကယ်ရှိတယ်။

    ReplyDelete