Wednesday, January 21, 2009

Diabetes


- ဆီးချိုဆိုတာ သွေးထဲမှာရှိတဲ့ glucose level ဟာ ပုံမှန်ထက်မြင့်နေတာကို ခေါ်တာပါ။ ဆီးချိုမှာ type 1 နှင့် type 2 ဆိုပြီး (၂)မျိုး ရှိပါတယ်။ type 1 ဆိုတာက Insulin လို့ ခေါ်တဲ့ hormone တစ်မျိုးကို ခန္ဒာကိုယ်က မထုတ်ပေးနိုင် တာကိုခေါ်ပါတယ်။ Insulin ဆိုတာ glucose ကို ထိန်းပေးတဲ့ hormone တစ်မျိုးပါ။

- type 2 ဆိုတာကတော့ insulin အလုံအလောက်မရှိတာ (ဒါမှမဟုတ်) cells တွေက ရှိနေတဲ့ insulin တွေကို လျစ်လျုရှုနေတာကိုခေါ်ပါတယ်။ 95% သော ဆီးချိုသမားတွေဟာ type 2 ကြောင့်ဖြစ်တာပါ။

- အ၀လွန်ခြင်းဟာ type 2 ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း အများဆုံးဖြစ်ပါတယ်။ ဆီးချိုဖြစ်တဲ့လူ တော်တော်များများဟာ အသက် (၅၅) နှစ်ကျော်မှဖြစ်ကြတာပါ။ ပြီးတော့ ဆီးချိုဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ကိုယ့်အမျိုးထဲမှာ ဆီးချိုတစ်ယောက် ရှိတယ်ဆိုရင်ပဲ ကိုယ့်ဆီမှာ ဆီးချိုဖြစ်ဖို့  အခွင့်အရေး (၂)ဆလောက်ရှိပါတယ်။

- ဆီးချိုဖြစ်တဲ့သူတွေဟာ ...
၁) မကြာမကြာ ရေငတ်ပါတယ်
၂) မကြာမကြာ ဗိုက်ဆာပါတယ်
၃) အလိုလိုနေရင်း ပင်ပန်းနေတတ်ပါတယ်
၎) အပေါ့ခဏခဏ သွားပါတယ်
၅) အမြင်အာရုံေ၀၀ါးတတ်ပါတယ်
၆) အနာတွေဖြစ်ရင် တော်ရုံနဲ့ မပျောက်ကင်းတတ်ပါဘူး

- လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးခြင်း (အနည်းဆုံး လမ်းလျှောက်လို့ ပဲဖြစ်ဖြစ်၊ စက်ဘီးစီးလို့ ပဲဖြစ်ဖြစ်) ဟာ ဆီးချိုရောဂါကို ဖြစ်စေနိုင်မှု လျော့နည်းစေ ပါတယ်။

No comments:

Post a Comment