Wednesday, January 21, 2009

Red Packet



- တရုတ်နှစ်ကူးဆိုရင် အန်ပေါင်း (လို့ ခေါ်တဲ့ red packet - hongbao) ကရနေကြ။ ငယ်ငယ်လေးတုန်းကတော့ အဖေ၊အမေက ပေးတယ်။ ကြီးလာတော့ အလုပ်ကပေးတယ်။ အဓိက ကတော့ ပိုက်ဆံကို စာအိတ်ထဲ ထည့်ပြီးပေးတာပါ။ ပိုက်ဆံဘယ်လောက် ပေးလဲမသိရတော့ (ကိုယ့်ကို ပေးတယ်ဆိုရင်ပဲ) thank you (ကျေှးဇူးတင်ပါတယ်)
လို့ ပြောရတော့တာပေါ့။

-2$ ပဲ ပေးတဲ့သူက ရှိသေးတယ်။ ဘာလုပ်လို့ ရမှာလဲ (2$ နဲ့ )။ မပေးရင်လည်း မပေးပါနဲ့ တော့လား။ ရထားတောင်စီးလို့ မရဘူး။ ကားစီးလို့ ရရင် ကံကောင်း။ မနှစ်ကတော့ အလုပ်က (10$ လား 12$ လားမသိ) ပေးတယ်။ ဒီနှစ်တော့ (6$) ပဲရတယ်။

- မောင်တွေ၊ ညီမတွေကို အန်ပေါင်း(30$ တန်သည်၊ 50$ တန်သည်) ပေးရတယ်။ ဒီလောက်ပေးမှ သူတို့ တွေ ၀ယ်ချင်တာ ၀ယ်လို့ ရမှာပေါ့။

- အင်း ... အမေကတော့ ခပ်တည်တည်ပဲ။ ၀င်ငွေမရှိဘူးဆိုပြီး အန်ပေါင်းမပေးဘူး။ ကိုယ့်ကျ ၀င်ငွေရှိတယ်ဆိုပြီး မောင်တွေ၊နှမတွေကို ပေးခိုင်းတယ်။ တရားလိုက်ပုံများဆိုတာ ....။

- တော်သေးလို့ .... CNY ပြီးမှ 12$ ထပ်ရလို့ ....။ :P

No comments:

Post a Comment