Wednesday, January 21, 2009

What should I do?


- အရုပ်ဆိုးတဲ့သစ်ပင်တောင်
ပန်းပုဆရာနဲ့ တွေ့ ရင်
သိပ်လှတဲ့ ကနရုပ်
ဖြစ်သွားသေးတာပဲ ....။

- ယိုယွင်းနေတဲ့တိုင်းပြည်ကို
(လှပစွာ) တည်ထောင်နိုင်တဲ့ လူလက်ထဲ
ဘာလို့ မအပ်နိုင်ရတာလဲ ...။

- နှစ်ပေါင်းများစွာ
ဒီတိုင်းထားတော့
တဖြည်းဖြည်းနဲ့ ဆွေး
တဖြည်းဖြည်းနဲ့ ယိုယွင်း
တဖြည်းဖြည်းနဲ့ ......
သုံးလို့ မရတဲ့
တိုင်းပြည်ကြီးဖြစ်သွားတာကို
သူတို့ ကြည့်နေနိုင်ပေမယ့်
မင်းတို့  .... ငါတို့ .....
ကြည့်မနေနိုင်တော့
ကိုင်း .... ဘာဆက်လုပ်သင့်လဲ ???

x/8/3

No comments:

Post a Comment