Monday, February 23, 2009

Tax



- နိုင်ငံသားလေး ဖြစ်နေရုံနဲ့ 
ပေးလိုက်ရတာ...

အဲဒီပိုက်ဆံတွေနဲ့ ....

- တို့ ချစ်တဲ့ နိုင်ငံကို တိုးတက်အောင်
လုပ်ပေးလို့ လား ....
- တို့ ချစ်တဲ့ ပြည်သူတွေကို ပညာတတ်အောင်
စီမံပေးလို့ လား ...
- ပညာတတ်တဲ့ လူတွေကို ကော
ထိုက်တန်တဲ့ လစာပေးရဲ့ လား ....
- တို့ ချစ်တဲ့ ကလေးတွေကို မငတ်မွတ်အောင်
ရောဂါဘယ ကင်းဝေးအောင်
ကာကွယ်ပေးလို့ လား ....

- တကယ်လို့ များ ....
လိုချင်တာတွေ ဖြစ်လာခဲ့ရင်
(မျှော်လင့်ကြည့်တာပါ)

ဘယ်သူကများ
- ပြည်ပမှာ နေချင်မှာလဲ??
မိသားစုနဲ့ ဝေးနေချင်မှာလဲ??
ချစ်သူကို လွမ်းနေချင်မှာလဲ??

- ခုတော့
10% ဆိုတာကြီးကို ပေးနေရက်သားနဲ့ 
လေလှိုင်းထဲက အသံတွေနဲ့ ပဲ
ကျေနပ်နေရတယ်။

21/2/9

Friday, February 20, 2009

The Road

- ရှေ့ ကိုကြည့်လိုက်ရင်
လမ်းကိုတော့ဖြင့်တွေ့ နေရတာပဲ
ဆုံးနေတဲ့လမ်းလား
အဆုံးမရှိတဲ့လမ်းလား တော့မသိ

- မျက်စိတဆုံးကတော့
လမ်းကတော့ ဆုံးနေတာပဲ

- ရှေ့ ကိုရောက်လို့ မှ
လုံးဝကြီးကို
လမ်းကဆုံးနေမှန်းသိရရင်

- ပြန်ကွေ့ ဖို့ သတ္တိလည်း ရှိရမယ်။
ပြန်ကွေ့ ချင်စိတ် ရှိဖို့ လည်းလိုတယ်။
နှစ်ဆ အကုန်ခံနိုင်တယ့် အချိန်လည်း ရှိရမယ်။

- ဒါကြောင့် ....
ရှေ့ ကိုသွားဖို့ မဆုံးဖြတ်ရသေးခင်
သေသေချာချာ
စဉ်းစားရမယ်။

19/2/9

Thursday, February 19, 2009

At Last


- မင်းပြောဖူးတဲ့ ချစ်စကား
မင်းသုံးဖူးတဲ့ ခပ်ရင့်ရင့်စကား
မာနတွေကို ထိပါး
သိက္ခာတွေကို ဖဲ့သွား
အသုံးမမှားဘူးလို့ 
မင်းလည်းယုံထား
ကိုယ်လည်းယုံထား
တခါတလေမှာေ၀၀ါး
ကိုယ့်ကို ... ချစ်မှချစ်ရဲ့ လား ???

- သူကြင်မှကိုယ်ကြင်
သူမကြင်ရင်ကိုယ်မကြင်တဲ့
စိန်ခေါ်ပွဲတွေ
နွဲခဲ့ပေါင်းလည်း မနည်းလှပါဘူး။
မင်းနဲ့ ပတ်သတ်ပြီး မဆင်နွဲချင်ဘူး။
မနိုင်ချင်ဘူး
မရှူံးချင်ဘူး
အသည်းမကွဲချင်တော့ဘူး

- (အတတ်နိုင်ဆုံး)
အတ္တတွေကိုဖြေလျော့
ဒေါသတွေကို ထိန်းပြီးတော့
နေခဲ့ရလေတော့
နောက်ဆုံးတစ်နေ့ မှာ ...... ။

Monday, February 16, 2009

Taking a Photograph



- မှန်ကို သိပ်မကြည့်ဖြစ်ဘူး။ (၀က်ခြံညှစ်တာက လွဲပြီးတော့၊ ခေါင်းဖြီးတာက လွဲပြီးတော့) မှန်ထဲက ကိုယ့်ပုံရိပ်ကို ကိုယ်ကြည့်ပြီး မကြိုက်ဘူး။
ကြည့်လို့ မရဘူး။ (အလှပြင်ဖို့  နေနေသာသာ) ဘာလိုနေမှန်းကို မသိ။

- သူများ ကိုယ့်ကို ကြည့်လည်းမကြိုက်ဘူး။ (ကိုယ်သတိထားမိလောက်အောင်ထိ စိုက်ကြည့်နေလျှင်) ကိုယ့်ထက် ကြီးကြီး၊ ငယ်ငယ် ဘယ်သူ့ ကိုမဆို အော်ပစ်လိုက် တာပဲ။ (ရိုင်းတယ်လို့ ပဲပြောပြော) ဘာကြည့်တာလဲ.... လို့ ။

- ဓါတ်ပုံရိုက်မလို့  camera နဲ့ ချိန်နေပြီဆိုရင် ပိုဆိုးတယ်။ သက်တောင့်သက်သာကို မဖြစ်ဘူး။ ဒါကြောင့် များသောအားဖြင့် camera ကို ရှောင်တာများတယ်။ ဓါတ်ပုံကူးဖို့  ကုန်ကျတဲ့စရိတ်လည်း သက်သာတာပေါ့။ (သေရင်တောင် ထောင်မယ့် ဓါတ်ပုံ ရှိမှ ရှိပါ့မလားတောင် မသိ)

- ရင်ခုန်တတ်စ အရွယ်တုန်းက ကောင်လေးတစ်ယောက်နဲ့  ဓါတ်ပုံ အတူတူ ရိုက်ဖူးတယ်။ (တမျိုးမထင်လိုက်ပါနဲ့ ) ဆရာမရိုက်ပေးတာပါ။ အဲဒီကောင်လေးက ရိုက်ချင်တယ်ဆိုလို့ ။

- ဓါတ်ပုံရိုက်မယ်လို့ ချိန်လိုက်တဲ့ အချိန်မှာ အရိုက်ခံမယ့် လူတွေက (တော်တော် လေးကို) ခြားနေတယ်။ အဲဒါကို ကောင်လေးက သိတော့ ကိုယ့်လက်ကို အသာကိုင်ပြီး အနားရောက်အောင် ဆွဲလိုက်တယ်။

- ဒီတော့ ဘယ်ရမလဲ။ မျက်စိမှိတ်ပြီး နှုတ်ခမ်းကို ကိုက်လိုက်ရော။ ဆရာမကလည်း ရိုက်လိုက်ရော။ ကွက်တိပဲ။ အဟိ ... ။

- film ပဲကြည့်ရင်တော့ ကောင်လေးခမျာ တော်တော် ရင်ခုန်ဖို့ ကောင်းလိမ့်မယ်။ (ကောင်မလေးတစ်ယောက်နှင့် နှစ်ယောက်တည်းတွဲပြီး ဓါတ်ပုံရိုက်ရတယ်ပေါ့။) ဓါတ်ပုံလည်း ကြည့်လိုက်ရော... feel လည်းအောက်ရော။

- အဲဒါကိုယ်တို့ တွေ အုပ်စုလိုက် ဘုရားဖူးသွားတုန်းကလေ။ အုပ်စုလိုက် ဓါတ်ပုံတွေ ထဲမှာလည်း ကိုယ့်ပုံမပါတော့ ကောင်လေးခမျာ ဆွေးရော။ (ဓါတ်ပုံရိုက်တော့မယ့် အချိန်တွေမှာ ကိုယ်က ဘယ်ကို ပျောက်သွားမှန်းမသိ ပျောက်သွားခဲ့တာလေ။ )

- ဒီလိုနဲ့  တစတစ ကိုယ် camera ကိုရှောင်နေမှန်း သူသိလာခဲ့တယ်။ သူများတွေ ဓါတ်ပုံရိုက်နေတဲ့အချိန် တရုတ်စံကားပင်အောက်မှာ ပန်းတွေ ကောက်နေတဲ့ ကိုယ့်ဆီ သူအရောက်လာခဲ့တယ်။ ပျော်လိုက်တာလေ။ (ဘာရယ်မဟုတ်ပါဘူး)

- ခုတော့လည်း သူနဲ့ ကိုယ်နဲ့  သူငယ်ချင်းတွေလိုပါပဲ။ အတူတူ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတောင် ဘယ်နားရောက်နေလည်း မသိဘူး။ ရင်ဘတ်ထဲမှာပဲ တူပါရဲ့ ။

7/2/9

Baby & Language



- Mummy က "ငှက်" ဆိုရင်
Baby က "Bird" တဲ့ ...။

- Mummy က "Aeroplane" ဆိုရင်
Baby က "လေယာဉ်ပျံ" တဲ့ .... ။

- Mummy က "ခေါင်းပတ်" ဆိုရင်
Baby က "ဘီးကုပ်" တဲ့ ....။

- Mummy က "orange" ဆိုရင်
Baby က "လိမ္မော်သီး" တဲ့ ....။

- Mummy က "ငှက်ပျောသီး" ဆိုရင်
Baby က "banana" တဲ့ .....။

- Mummy က "diaper" ဆိုရင်
Baby က "သေးထုပ်" တဲ့ ....။

- Mummy နှင့် Baby
ဒီလိုပဲ နားလည်မှုယူကြတာပေါ့။

16/2/9

Wednesday, February 11, 2009

Cinderalla



- မနေ့ တုန်းက သမီးလေးရယ်၊ အမေရယ်၊ ကျွန်မရယ် ဈေးဝယ်ထွက်ကြတယ်။ အပြင်မသွားတာကြာလို့  အပြင်ထွက်ရရင်ကိုပဲ သမီးလေးက အရမ်းပျော်။ ဒါတောင်နော် ... တပတ်တခါလောက်က အနည်းဆုံး ဈေးဝယ်ထွက်ဖြစ်တယ်။ အကျီအသစ်၊ skirt အသစ်
(သို့ မဟုတ်) ဘောင်းဘီအသစ် ဆင်ပေးလိုက်
လို့ ကတော့ သမီးလေးက ပျော်လိုက်တာ ပြောမနေ
ပါနဲ့ တော့။

- လမ်းမှာလည်း mummy, mummy နဲ့ ချွဲပြီးခေါ်၊ (စိတ်ကြည်ရင် "မေမေ" လို့ လည်း ခေါ်တယ်။) ပြီးရင် ချီခိုင်းတော့ တာပဲ။ "လမ်းလျှောက်ပါလား" လို့ ပြောရင်၊ "Mummy ကို ချစ်လို့ " ဆိုတာက လာသေးတယ်။ မတတ်နိုင်ဘူးလေ။ အဲဒီတော့လည်း ချီပေါ့။ လမ်းတလျှောက်လုံး။

- သမီးလေး အသက်က ခုမှ (၂)နှစ်နဲ့ ရက်ပိုင်းပဲ စွန်းသေးတယ်။ သူ့ ကိုယ်သူ လူကြီးများ အောက်မေ့နေလားမသိ။ ပဲကတော့ အပြည့်နဲ့ ။ (အမေနဲ့ များ တခြားစီ ... :P) ဓါတ်ပုံရိုက်မယ်ဆိုရင် အိုက်တင်က ထုတ်ပြီးသားပဲ။ တစ်ပုံထဲရိုက်
လို့ မရဘူးနော်။ "နောက်တစ်ပုံ" လို့ ပြောပြီး သူကအိုက်တင် နောက်တစ်မျိုးနဲ့ ready ဖြစ်နေပြီ။ ဘယ်လိုလုပ်မလဲ။ ရိုက်ပေတော့ပဲ။

- သမီးလေးက Cinderalla တော့သိတယ်။ skirt နဲ့ ၊ shoe နဲ့ လေဆိုရင် Cinderalla မှန်းတန်းသိတော့တာပဲ။ (Mummy က Cinderalla ပုံပြင်ပြောပြရင် skirt နဲ့ ၊ shoe
နဲ့ ကကို မတက်တော့လို့ ။)

- ဈေးဝယ်ပြီးလို့ အိမ်ကိုအပြန် ရထားပေါ်မှာ သမီးလေးလေ ငြိမ်ငြိမ်ကို မနေဘူး။ နည်းမျိုးစုံပြောလည်း မရဘူး။ (ဟိုးမှာ ... ကားအများကြီး၊ ဆိုင်ကယ်အများကြီး ဆိုလည်းမရ။) ဘွားအေ လက်ထဲမှာ ခုန်နေတော့တာပဲ။ ယောင်္ကျားလေး ရှုံးလောက်တယ်။ ရထားပေါ်က လူတွေအကုန်လုံးလည်း ၀ိုင်းကြည့်။ ဘွားအေ လက်တွေကလည်းညောင်း။

- နောက်ဆုံးတော့လည်း ကြံရာမရတဲ့အဆုံး "သမီး သီချင်းဆို" လို့ ပြောလိုက်တယ်။ (idea ကလည်းထွက်တယ်။ ပေါက်တက်ကရ) သမီးကလည်း ခေသူမဟုတ်။ ဆိုတော့တာပဲ။ ခက်တာက သမီးလေးက ဘာသီချင်းမှ မရတာ။ (စကားတောင် ရေလည်အောင်ပြောတတ်တာမဟုတ်။) အဲဒါကို mummy ကသီချင်းဆိုတဲ့။

- လက်တစ်ဖက်ကို မိုက်လိုမျိုးလုပ်ပြီး ကိုယ်လေးလှုပ်ပြီး ဆိုပါလေရော။ ကြာတော့ ဘွားအေထက်မှာ ဆိုရတာ အားမရလို့  အောက်ဆင်းပြီးဆို ။ cinderalla ... cinderalla ဆိုပြီးတော့ cinderalla ကို သီချင်းလုပ်ပြီးဆိုနေတာ။ ၀ါသနာက သိပ်မပါရှာဘူး။

Tuesday, February 10, 2009

Rebirth vs Creation


What is rebirth?

- Rebirth refers to a person's mind taking one body after the other. Our body and our mind are separate entries: the body is matter and is made of atoms. The mind refers to all of our emotional and cognitive experiences, and is formless. When the body and mind are linked, we are alive, but at death, they separate. The body becomes a corpse, and the mind continues on to take another body.

(အလျဉ်းသင့်သလို မြန်မာပြန်ဆိုသွားပါမည်။)

Monday, February 9, 2009

On Leave



- ဒီနေ့ ခွင့်ယူတယ်။ ဘာဖြစ်လို့  ခွင့်ယူလဲမမေးနဲ့ ။ ယူချင် လို့ ကို ယူတယ်။ လုပ်ချင်လို့ လုပ်တဲ့ကိစ္စမှာ အကြောင်း ပြချက်ဆိုတာ မရှိဘူး။ မရှည်တဲ့စိတ်ကို တိုအောင်လာ မလုပ်နဲ့ ။ ကြည်လင်နေတဲ့စိတ်ကို နောက်အောင် လာလုပ် လို့ ကတော့ ရန်သူပဲ။ (ယောင်္ကျားလေးဆို ပိုဆိုးတယ်။)

- အလကား သူများကိစ္စ လာပြီးစိတ်ဝင်စားတယ်။ ဘာမှလည်း မပတ်သတ်ဘဲနဲ့ ။ (ယဉ်ယဉ်ကျေးကျေးပြောတာ ... အမှန်က စပ်စပ်စုစုလို့ သုံးချင်တာ။) သိသင့်တယ်ထင်ရင် ပြောမှာပေါ့။ လာပြီးတော့ မသုံးသပ်နဲ့ ။ မကြိုက်ဘူး။
(ဖိနပ်နဲ့ ကြေအောင် ဖိချင်တဲ့ လူတွေထဲမှာ ပါသွားလိမ့်မယ်။)

- ခရီးသွားဟန်လွဲ ကြုံဆုံတဲ့ လူတွေပဲ ဒီထက်ပိုပြီး မသိသင့်ဘူး။ မဝေဖန်သင့်ဘူး။

3/2/9

Tuesday, February 3, 2009

To My Girl



- ကောင်မလေးရယ် .. မင်းကို မင်းအမေက မမွေးခင်ကတည်းက တော်တော် ချစ်ရှာတာ။ အားလုံးကို မင်းနဲ့ အတူ ရင်ဆိုင်ဖို့  သတ္တိတွေ အပြည့်နဲ့ လေ။

- ကောင်မလေးရယ် ... မင်းအသက်ကို ရန်မူမယ့်သူကို မင်းအမေက သူ့ အသက်နဲ့ လဲပြီး ကာကွယ်ပေးဖို့  အသင့်ပဲလေ။

- ကောင်မလေးရယ် ... လောကကြီးကို မင်းနဲ့ အတူ နှစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ ၀န်နဲ့ အားနဲ့ မမျှပေမယ့် မင်းအမေ အပြုံးမပျက်ဘဲ ရင်ဆိုင် နိုင်ခဲ့တယ်။

- ကောင်မလေးရယ် ... နေ့ စဉ်ရက်ဆက် အလုပ်လုပ်နေရပေမယ့် မင်းအတွက် အချိန် ဆိုတာ သက်သက်ရှိနေခဲ့တာ သတိရစမ်းပါ။

- ကောင်မလေးရယ် ... နည်းပညာတွေ ဘယ်လောက် တိုးတက်၊ တိုးတက် မင်းအမေ ကတော့ မင်းကို "O" လုံး ကလေးရေးဖို့  သင်နေအုံးမှာပဲ။ လုံချည် ဘယ်လို ၀တ်ရလဲ သင်နေအုံးမှာပဲ။ ထုပ်ဆီးထိုးတမ်း ဘယ်လို ကစားရလဲ သင်နေအုံးမှာပဲ။ မင်းကို မြန်မာ ပီသစေချင်လွန်းလို့ ပါ။

- ကောင်မလေးရယ် ... စိတ်ညစ်စရာတွေ ဘယ်လောက်ပဲရှိရှိ မင်းအမေလိုပဲ တစ်ချက် လောက်ဖြစ်ဖြစ် ပြုံးပြစမ်းပါ။

- ကောင်မလေးရယ် ... မင်းအမေက မင်းကို မတောင့်မတနဲ့  ဘ၀ကို ရောင့်ရောင့်ရဲရဲ ဖြတ်သန်းစေချင်သူပါ။ ဘာလို့ လောဘတွေကြီးနေရမှာလဲ? ဘာလို့ သောကတွေ များနေရမှာလဲ?

- ကောင်မလေးရယ် ... ဘ၀ကို အစက ပြန်စရမယ်ဆိုရင်တောင် မင်းအမေက မင်းကို လိုချင်ခဲ့သူပါ။ မင်းအမေ အသက်ကြီးလို့ အနားယူချိန်မှာ မင်းကဘာလို့ မပြုစုနိုင်ရမှာလဲ။ မင်းကဘာလို့  မလုပ်ကျွေးနိုင်ရမှာလဲ။ မင်းအမေသေတော့မှ မင်းမပြုစုလိုက်ရလို့  ငိုနေမယ်ဆိုရင်လည်း အပိုပဲလေ။

- ကောင်မလေးရယ် .... အစားအသောက်တွေ ဘယ်လောက်ပဲဈေးကြီးကြီး မင်းစားရင်ပဲ မင်းအမေ ကျေနပ်တာ၊ အ၀တ်အစားတွေ ဘယ်လောက်ပဲ ဈေးကြီးကြီး မင်းကိုယ်ပေါ်မှာ လှနေရင်ပဲ မင်းအမေ ကျေနပ်တာ မင်းသိရဲ့ လား? ပြီးတော့ ... ပြောသေးတယ်။ ပိုက်ဆံဆိုတာ ဘယ်အချိန်ရှာရှာ ရှာလို့ ရတယ်တဲ့။

- ကောင်မလေးရယ် ... တခါတလေ မင်းအမေ မင်းကို ဆူတာ၊ ငေါက်တာ ... မင်းကိုမချစ်လို့ မှ မဟုတ်ဘဲ။ မင်းကို လိမ္မာစေချင်လွန်းလို့ ။ မင်းကို တော်စေချင်လွန်း လို့ ။ မင်းကို ထူးချွန်စေချင်လွန်းလို့ ။ ပြီးတော့ .... မင်းကို သူ့ လို မဖြစ်စေချင်လို့ ။

- ကောင်မလေးရယ် ... ညည မင်းနို့ ဆာရင် (ဒါမှမဟုတ်) မင်းနေမကောင်းရင် အိပ်ရေးပျက်ခံပြီး မင်းအမေ ပြုစုခဲ့တာတွေဟာ မင်းဆီက တစုံတခု မျှော်ကိုးလို့ မှ မဟုတ်တာ။

- ကောင်မလေးရယ် .............................................................
..............................................................................
................................

- ဒါတွေအားလုံးဟာ မင်းအမေက မင်းကို ချစ်လို့ ပါ။ ဒီကမ္ဘာမှာ မင်းအမေလောက် မင်းကို ချစ်မယ့်လူ မရှိသေးဘူး။ အလိုရှိရင် တမ်းတလိုက်စမ်းပါ။ မင်းအနား ချက်ချင်း ရောက်လာမှာ။ အမေ့ရင်ခွင်သာ မင်းအတွက် အလုံခြုံဆုံးနေရာ။

24/1/9

Monday, February 2, 2009

Heart-Broken



- မနေ့တုန်းက သူငယ်ချင်း (၁) ယောက်ရဲ့  သမီးမွေးနေ့ လုပ်တယ်။ သူ့ သမီးလေးက ချစ်စရာလေး။ သူ့ သမီးလေးကို တွေ့ တိုင်း
ကိုယ့်ရဲ့ သမီးလေးကို သတိရတယ်။

- သမီးက (၃) နှစ်၊ သားက (၁)နှစ်ရှိပြီ။ နီနီရဲရဲ ချစ်စရာလေးတွေ။ တော်လည်းတော်၊ လိမ်လည်းလိမ္မာ၊ သွက်လည်းသွက်တဲ့ ကလေးလေးတွေ။

- သားသမီးကပဲ ကံခေတာလား? အမေကိုယ်တိုင်ကပဲ ကံခေတာလားမသိ။ ခုတော့ အမေက တစ်နိုင်ငံ၊ သားသမီးက တစ်နိုင်ငံ။

ဆက်ရန်ရှိသေးသည် ....

(မမေလေးနေရာတွင် ခံစားရေးဖွဲ့ သည်။)

2/2/9





Friday, January 30, 2009

Dead Man & Living Man



- သေတဲ့လူနှင့် ရှင်တဲ့လူ
တနေ့ နေ့ 
တချိန်ချိန်မှာ တွေ့ ကြရတယ်။

- ရှင်တဲ့လူသေတဲ့အခါ
သေတဲ့လူနားမှာအိပ်စက်

(ဒါမှမဟုတ်)
ရှင်တဲ့လူမနေချင်တဲ့အခါ
သေတဲ့လူနားမှာငိုကြွေး
အပူတွေနဲ့ လူ
ရှင်ရက်နဲ့  မပျော်တဲ့လူ
ရရှိတာနဲ့ မလောက်ငတဲ့လူ

(သူ့ အတွက်)
သေနေတဲ့လူက
ဘာများ .... တတ်နိုင်မှာမို့ လို့ လဲ။

30/1/9


My Beloved



- လွမ်းတထိတ်ထိတ်
တမ်းတစိတ်ကြောင့်
အိပ်စက်နားယူ
ဖေ့အုတ်ဂူသို့ 
ချစ်သမီးလေး
ရောက်ရှိငေးခဲ့
အဖေနှစ်သက်
နှင်းဆီခက်နှင့် ....။

- လှိုက်လှိုက်လှဲလှဲ
ကြေကွဲဝမ်းနည်း
လွမ်းသံဆွေးဖြင့်
ခေါ်လိုက်ချင်တယ်
အဖေရယ် ....။

x/x/97

My Wish



- ကျွန်မ ဘ၀မှာ ဖြစ်ချင်တာတွေ အများကြီး။

၁) လေယာဉ်မယ်ဖြစ်ချင်တယ်
(ဘယ်လိုလုပ်ဖြစ်နိုင်မလဲ? အရပ်မှမမီတာ)

၂) ဗိသုကာ ပညာရှင်ဖြစ်ချင်တယ်
(ကိုယ့်အိမ်ကို ကိုယ်တိုင်ဆောက်ချင်လို့ )

၃) ဗေဒင်ဆရာမ ဖြစ်ချင်တယ်
(မပင်ပန်းဘဲနဲ့  ပိုက်ဆံရတယ်ထင်လို့ )

၎) ကုန်စုံဆိုင်လေး ပိုင်ချင်တယ်
(ဈေးပေါပေါနဲ့  အကုန်လုံး ၀ယ်လို့ ရစေချင်လို့ )

၅) ကြော့ကြော့မော့မော့လေးနဲ့  လှလှပပလေး နေချင်တယ်
(လှပစေဖို့ အချိန်မပေးနိုင်လို့ )

၆) အားလုံးကို စိတ်ချမ်းသာ စေချင်တယ်
(အားလုံးကို စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်သေးလို့ )

၇) နှင်းဆီဥယျာဉ် ပိုင်ဆိုင်ချင်တယ်
(မြေကြီးက ရှားလွန်းလို့ )

၈) ကိုယ်ပိုင်ပိုက်ဆံနဲ့  အိမ်လေးတစ်လုံးတော့ ၀ယ်ချင်တယ်
(၀ယ်စရာ ပိုက်ဆံမရှိလို့ )

၉) စတူဒီယို တစ်ခန်းလိုချင်တယ်။ ပစ္စည်းအစုံအလင်နဲ့ ။
(ဆူညံရင် complain တက်ကြမှာပေါ့

၁၀) သီလရှင်ဝတ်ချင်တယ်
(မ၀တ်နိုင်သေးပေမယ့်လည်း...)

ဘာမှလည်းဖြစ်မလာသေးဘူး ... :P

4/1/9

Friday, January 23, 2009

Lawyer



- ခေတ်ဆိုးကြီးထဲမှာ
မကောင်းတဲ့လူတွေ ....
လာဘ်စားတဲ့လူတွေ ...
အာဏာရူးတဲ့လူတွေ ... အပြင်မှာနေပြီးတော့
ကောင်းတဲ့လူတွေ ....
တိုးတက်ချင်တဲ့လူတွေ ...
မဟုတ်မခံတဲ့လူတွေ ... အထဲရောက်နေတာ
တရားမှ မတရားတာ။

- လူငယ်တွေရဲ့ 
သက္ကရာဇ်တွေကို
အဘိုးကြီးတွေက
အတင်း မျိုချခိုင်းနေတာ
ငါ့အပြစ်လည်း ... မကင်းဘူး။

- တကယ်ဆို
ငါသာရှေ့ နေဖြစ်ခဲ့ရင် ....
တရားခံဘက်က ရှေ့ နေလိုက်မိမှာ
တရားသဖြင့်
ဖြစ်စေချင်တဲ့ စေတနာ။

(23/1/9)

Thursday, January 22, 2009

Fault



- ခူးမိပြီးမှ
နိမ့်ကျမြေထက်
မစွန့် ရက်၍
ဦးထက်ထိပ်ပြင်
မြတ်နိုးတင်လျက်
ပန်ဆင်ခြင်းသည်
အပြစ်လား ...... ??

My Love Says ....



- ဆေးလိပ်မသောက်ရဘူး
(တရားမ၀င်ရောင်းတဲ့ဆေးလိပ်တွေ)

- မုန့် မစားရဘူး
အအေးမသောက်ရဘူး
(MRT ထဲမှာ ဆိုရင်လေ)

- သရက်သီးမခူးရဘူး
(security ကြည့်နေတယ်)

- ပန်းမခူးရဘူး
(သူများအိမ်က)

- ဂစ်တာမတီးရဘူး
(ကိုယ့်အိမ်အောက်မှာ ဆိုရင်တောင် .... complain တက်ကြမှာပေါ့)

- အရက်မသောက်ရဘူး
(မူးပြီးမောင်းရင် ကားတိုက်မှာစိုးလို့ )

- အမှိုက်မပစ်ရဘူး
( သူ့ ကိုယ်သူ အသန့် ရှင်းဆုံး နိုင်ငံဆိုပဲ)

- ချစ်သူပြောတာ ထက်တောင်
တသွေမတိမ်း လိုက်နာသေးတယ်
FINE ပေးရမှာစိုးလို့  ........။

22/1/9

Wednesday, January 21, 2009

Red Packet



- တရုတ်နှစ်ကူးဆိုရင် အန်ပေါင်း (လို့ ခေါ်တဲ့ red packet - hongbao) ကရနေကြ။ ငယ်ငယ်လေးတုန်းကတော့ အဖေ၊အမေက ပေးတယ်။ ကြီးလာတော့ အလုပ်ကပေးတယ်။ အဓိက ကတော့ ပိုက်ဆံကို စာအိတ်ထဲ ထည့်ပြီးပေးတာပါ။ ပိုက်ဆံဘယ်လောက် ပေးလဲမသိရတော့ (ကိုယ့်ကို ပေးတယ်ဆိုရင်ပဲ) thank you (ကျေှးဇူးတင်ပါတယ်)
လို့ ပြောရတော့တာပေါ့။

-2$ ပဲ ပေးတဲ့သူက ရှိသေးတယ်။ ဘာလုပ်လို့ ရမှာလဲ (2$ နဲ့ )။ မပေးရင်လည်း မပေးပါနဲ့ တော့လား။ ရထားတောင်စီးလို့ မရဘူး။ ကားစီးလို့ ရရင် ကံကောင်း။ မနှစ်ကတော့ အလုပ်က (10$ လား 12$ လားမသိ) ပေးတယ်။ ဒီနှစ်တော့ (6$) ပဲရတယ်။

- မောင်တွေ၊ ညီမတွေကို အန်ပေါင်း(30$ တန်သည်၊ 50$ တန်သည်) ပေးရတယ်။ ဒီလောက်ပေးမှ သူတို့ တွေ ၀ယ်ချင်တာ ၀ယ်လို့ ရမှာပေါ့။

- အင်း ... အမေကတော့ ခပ်တည်တည်ပဲ။ ၀င်ငွေမရှိဘူးဆိုပြီး အန်ပေါင်းမပေးဘူး။ ကိုယ့်ကျ ၀င်ငွေရှိတယ်ဆိုပြီး မောင်တွေ၊နှမတွေကို ပေးခိုင်းတယ်။ တရားလိုက်ပုံများဆိုတာ ....။

- တော်သေးလို့ .... CNY ပြီးမှ 12$ ထပ်ရလို့ ....။ :P

What should I do?


- အရုပ်ဆိုးတဲ့သစ်ပင်တောင်
ပန်းပုဆရာနဲ့ တွေ့ ရင်
သိပ်လှတဲ့ ကနရုပ်
ဖြစ်သွားသေးတာပဲ ....။

- ယိုယွင်းနေတဲ့တိုင်းပြည်ကို
(လှပစွာ) တည်ထောင်နိုင်တဲ့ လူလက်ထဲ
ဘာလို့ မအပ်နိုင်ရတာလဲ ...။

- နှစ်ပေါင်းများစွာ
ဒီတိုင်းထားတော့
တဖြည်းဖြည်းနဲ့ ဆွေး
တဖြည်းဖြည်းနဲ့ ယိုယွင်း
တဖြည်းဖြည်းနဲ့ ......
သုံးလို့ မရတဲ့
တိုင်းပြည်ကြီးဖြစ်သွားတာကို
သူတို့ ကြည့်နေနိုင်ပေမယ့်
မင်းတို့  .... ငါတို့ .....
ကြည့်မနေနိုင်တော့
ကိုင်း .... ဘာဆက်လုပ်သင့်လဲ ???

x/8/3

Diabetes


- ဆီးချိုဆိုတာ သွေးထဲမှာရှိတဲ့ glucose level ဟာ ပုံမှန်ထက်မြင့်နေတာကို ခေါ်တာပါ။ ဆီးချိုမှာ type 1 နှင့် type 2 ဆိုပြီး (၂)မျိုး ရှိပါတယ်။ type 1 ဆိုတာက Insulin လို့ ခေါ်တဲ့ hormone တစ်မျိုးကို ခန္ဒာကိုယ်က မထုတ်ပေးနိုင် တာကိုခေါ်ပါတယ်။ Insulin ဆိုတာ glucose ကို ထိန်းပေးတဲ့ hormone တစ်မျိုးပါ။

- type 2 ဆိုတာကတော့ insulin အလုံအလောက်မရှိတာ (ဒါမှမဟုတ်) cells တွေက ရှိနေတဲ့ insulin တွေကို လျစ်လျုရှုနေတာကိုခေါ်ပါတယ်။ 95% သော ဆီးချိုသမားတွေဟာ type 2 ကြောင့်ဖြစ်တာပါ။

- အ၀လွန်ခြင်းဟာ type 2 ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း အများဆုံးဖြစ်ပါတယ်။ ဆီးချိုဖြစ်တဲ့လူ တော်တော်များများဟာ အသက် (၅၅) နှစ်ကျော်မှဖြစ်ကြတာပါ။ ပြီးတော့ ဆီးချိုဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ကိုယ့်အမျိုးထဲမှာ ဆီးချိုတစ်ယောက် ရှိတယ်ဆိုရင်ပဲ ကိုယ့်ဆီမှာ ဆီးချိုဖြစ်ဖို့  အခွင့်အရေး (၂)ဆလောက်ရှိပါတယ်။

- ဆီးချိုဖြစ်တဲ့သူတွေဟာ ...
၁) မကြာမကြာ ရေငတ်ပါတယ်
၂) မကြာမကြာ ဗိုက်ဆာပါတယ်
၃) အလိုလိုနေရင်း ပင်ပန်းနေတတ်ပါတယ်
၎) အပေါ့ခဏခဏ သွားပါတယ်
၅) အမြင်အာရုံေ၀၀ါးတတ်ပါတယ်
၆) အနာတွေဖြစ်ရင် တော်ရုံနဲ့ မပျောက်ကင်းတတ်ပါဘူး

- လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးခြင်း (အနည်းဆုံး လမ်းလျှောက်လို့ ပဲဖြစ်ဖြစ်၊ စက်ဘီးစီးလို့ ပဲဖြစ်ဖြစ်) ဟာ ဆီးချိုရောဂါကို ဖြစ်စေနိုင်မှု လျော့နည်းစေ ပါတယ်။

Monday, January 19, 2009

Birthday Present



- လူတိုင်း၊ လူတိုင်းက ကိုယ့်မွေးနေ့ ကို တခြားလူတွေက အသိအမှတ်ပြုပေးတာ လိုချင်ကြတာချည်းပါပဲ။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့လူတွေဆီကပေါ့။ တကယ်လို့  များ အသိအမှတ်မပြုကြဘူးဆိုရင် ဘယ်လိုခံစားရမှန်း အသက်ကြီးတော့မှ နားလည်ခံစားမိတယ်။

- များသောအားဖြင့် လူတွေကတော်တော်အတ္တကြီးကြတယ်။ ကိုယ့်မွေးနေ့ ကိုပဲ အသိအမှတ် ပြုပေးတာ လိုချင်ကြပြီးတော့ သူများမွေးနေ့ ကို အသိအမှတ်ပြုပေးဖို့ 
ဝန်လေးနေကြတယ်။ မေ့လျော့နေကြတယ်။ တစ်ယောက်ယောက်ဆီက ကိုယ့်မွေးနေ့  ကို အသိအမှတ်ပြုကြောင်း မမျှော်လင့်ပဲ ကြားလိုက်ရတဲ့အခါ ဘယ်လောက်ထိဝမ်းသာ လဲဆိုတာ မသိကြဘူး။ ၀မ်းသာ တာထက်ပိုတဲ့ ကြည်နူးမှုလှိုင်းတံပိုးလေး လှုပ်ခတ်သွား တာကို ခံစားဖူးသူမှ သိမှာပါ။ ခံစားဖူးသူမှ နားလည်နိုင်မှာပါ။ ခံစားဖူးသူမှ ယုံကြည်နိုင် မှာပါ။

- အသက်အရွယ်ရလာတာနဲ့ အမျှ သူများမွေးနေ့ ကို အသိအမှတ်ပြုပေးရတာ မပျက်ကွက်ရအောင် ဂရုစိုက်ခဲ့တယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ် ပြုပေးချင်တယ်။ အသက်ကြီးကြီး၊ ငယ်ငယ် အသိအမှတ်ပြုပေးချင်တယ်။ ၀မ်းမြောက်
ဝမ်းသာနဲ့  သူတို့ ရဲ့ နှစ်သစ်ကို ကြိုဆိုပေးချင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ ခက်ခဲ၊ခက်ခဲ မွေးနေ့ ကိုကြိုသိခဲ့မှတော့ ရင်ထဲက စေတနာနဲ့ ကို ဘယ်လောက်ပဲ ကုန်ကုန်လုပ်ပေးချင်တယ်။ မမျှော်လင့်ဘဲ ၀မ်းမြောက် မှုလေးရသွားစေချင်လို့ ပါ။

- ဒီနှစ်မကြုံရင်တောင် နောက်နှစ်ကို လုပ်ပေးလို့ ရသေးတယ်။ နောက်နှစ် မကြုံရင်တောင် နောက်တစ်နှစ်ကို လုပ်ပေးလို့ ရသေးတယ်။ ကိုယ်စေတနာ၊ မေတ္တာရှိတဲ့ လူတိုင်းကိုပေါ့။ ဒါပေမယ့် ... အစားထိုးလို့ မရတဲ့ ဆုံးရှူံးမှုကြီးတစ်ခုကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ရရှိခဲ့တယ်။ ဘယ်တော့မှ မရနိုင်တော့တဲ့ ဆုံးရှူံးမှုကြီးပေါ့။

- မသိတတ်ခဲ့တဲ့ အသက်အရွယ်ကနေပြီး သိတတ်တဲ့ အသက်အရွယ်အထိ အမှတ်တမဲ့နေဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့ မှတ်ဥာဏ်အတွက်လည်း နောင်တရလို့ မဆုံးဘူး။
ဘာလို့ များမေ့လျော့နေမိပါလိမ့်လို့  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပေါင်းလည်း မနည်းဘူး။ တကယ်ဆိုရင် ... မဖြစ်သင့်ဘူး။ သူများတွေရဲ့  မွေးနေ့ ကို အသိအမှတ်ပြုတာ မပျက်ကွက်အောင် ကြိုးစားနေရင်းက ကိုယ့်အချစ်ဆုံးလူရဲ့ 
မွေးနေ့ ကို (သိရဲ့ သားနဲ့ ) ဘာလို့ ပျက်ကွက်မိလဲ မသိ။

- ခုချိန်ကျမှ "ချစ်လှပါချေရဲ့  ..." လို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့် သိနိုင်တော့တာမှ မဟုတ်တာ။ တကယ်ဆို အတူတူနေခဲ့စဉ် တစ်လျှောက်လုံး ပြောပြသင့်တယ်။ ရင်ထဲကတောင်မကဘဲ နှုတ်ကဖွင့်ဟသင့်တယ်။ သိအောင်ရေရွတ်သင့်တယ်။
မွေးနေ့ လက်ဆောင်အဖြစ် အသိအမှတ်ပြုပေးစရာ ကိုယ့်လက်ထဲမှာ ဘာတခုမှမရှိတောင် အနမ်းတခုပဲ ဖြစ်ဖြစ် ဆက်သသင့်တယ်။ တကယ်ဆိုရင် ဖြစ်သင့်တာတွေ အများကြီးပါ။ မဖြစ်နိုင်တော့တာတွေလည်း အများကြီးပဲပေါ့။

- ဖြစ်မလာနိုင်တော့တဲ့အချိန်ကျမှ သတိရနေလို့ ကတော့ ကိုယ့်အတွက် သောကအပြင် ဘာများရနိုင်မှာမို့ လို့ လဲ။ အပိုလက်ဆောင်အဖြစ် ၀မ်းနည်းမှုမျက်ရည်တွေ စီးဆင်းလာရုံပေါ့။ သူများတွေကို ကြည့်ပြီး အားကျလာရုံပေါ့။ ကိုယ့်ကိုယ်ကို ဆထက်တစ်ပိုး ၀မ်းနည်းလာရုံပေါ့။ ဒါတွေ၊ ဒါတွေကို သိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ၀မ်းမနည်းအောင်မတားဆီးနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ စိတ်တွေကို အတိတ်ထဲကနေ ဆွဲမထုတ်နိုင်ခဲ့ဘူး။ ပစ္စုပ္မန်ကို ဆွဲမပို့ နိုင်ခဲ့ဘူး။ ဒါတောင်
အတိတ်ရဲ့ အနေအထားက ကိုယ့်အနားမှာ ရှိမနေသေးလို့ သာပဲ။ ရှိများရှိရင်တော့ ရုန်းထွက်နိုင်ပါ့မလား??

5/5/4